‘….အိပ်မက်ခါးးးး …’


















ဖြစ်များဖြစ်နေလေမလား
ရှင်က ကျမ အား
ဘ၀အဆက်ဆက် တိုက်စားခဲ့စေသော ကျိန်စာ...

အချစ်စစ်ဆိုတာ ချိုသလား ၊ခါးသလား..
ဖျော့တော့တော့မျက်ဝန်းတွေ အမူအကျင့် ကင်းမဲ့နေခဲ့
သစ္စာဆိုတာ ဘာ , ဘာသာစကားများလဲ
ဖြစ်နိုင်ရင် ဖြေပါ...


ညတွေကိုခြေရာကောက်ရင်း...
အိပ်မက်တွေကိုလက်စဖျောက်ပစ်ခဲ့တယ်...
မနိုးမှာစိုးခဲ့တဲ့ စိတ်နဲ့  ဘယ်တုန်းကမှ အိပ်မပျော်ဖြစ်ဘူး..

တဖ၀ါးမခွါ ဆိုတဲ့စကားသံတွေက
အနားမှာပုံပြင်သာသာ တိုက်ခတ်နေလေတော့
ငါရူးတာ...ရက်ရက်စက်စက် နိုင်လွန်းနေတယ်...

ဒီမှာ …ရှင်တို့ တွေ အိပ်မက်တွေကို
တဘ၀စာ စားသုံးဖူးသလား
………………………….
အာ....မစားနဲ့ 
အဲ့ဒါ ပက်ပက်စက်စက် ခါးတယ်....။ ။

11 Comments:

  1. Unknown said...
    သေချာတယ် ညီမလေးရေ...

    ခါးတာမှ တဘ၀လုံးစာအတွက်ပါကွယ်....

    ကဗျာလေးကို ထပ်တူခံစားသွားပါတယ်...
    မိုးခါး said...
    နွေးရေ
    မစားတော့ဘူးကွယ် ..း)
    ကိုရေတမာ said...
    အနော် က အခါးကြိုက်တယ်
    စားလိုက်ဦးမယ် ထမင်းလွတ်
    ကိုရင်နော်ခင်လေးငယ် said...
    အာ....မစားနဲ့ 
    အဲ့ဒါ ပက်ပက်စက်စက် ခါးတယ်..

    အိပ်မက်ခါးခါးကိုမှ ချိုတယ်ထင်နေမိခဲ့တာ...

    ချစ်ခင်စွာဖြင့်..

    ဦးနော်၊ တီငယ်
    နွေဆူးလင်္ကာ said...
    တချို့အိပ်မက်တွေက ချိုပါတယ်ဗျာ။ ချိုလွန်းလို့ မနက်ကျ ပုရွက်ဆိတ်တွေကိုက်တာ အား ... နာတယ်။ တကယ်။
    စိမ်း... said...
    ညတွေကိုခြေရာကောက်ရင်း...
    အိပ်မက်တွေကိုလက်စဖျောက်ပစ်ခဲ့တယ်...
    မနိုးမှာစိုးခဲ့တဲ့ စိတ်နဲ့  ဘယ်တုန်းကမှ အိပ်မပျော်ဖြစ်ဘူး..

    အရမ်းကြိုက်တယ်... တကယ်...
    သီဟသစ် said...
    ခါးရင် ပုဇွန်ခြောက်နဲ့ ရောချက်ပါ
    :D
    Anonymous said...
    အချစ်စစ်ဆိုတာ ချိုသလား ၊ခါးသလား..
    ဖျော့တော့တော့မျက်ဝန်းတွေ အမူအကျင့် ကင်းမဲ့နေခဲ့
    သစ္စာဆိုတာ ဘာ , ဘာသာစကားများလဲ
    ဖြစ်နိုင်ရင် ဖြေပါ...


    ခါးတယ် လို့ထင်တယ် ခါးသက်သက်ကြီး စားမကောင်းဘူး ငါ့ညီမ . . . . မစားတော့ဘူးနော် ဟိဟိ စားပြီးသွားလို့ ခါးမှန်းသိတာ . ဟဲဟဲ
    may said...
    This comment has been removed by the author.
    Sein Lyan Tun said...
    အချစ်ချိုလားခါးလားလဲသိဖူး

    အိပ်မက်တွေ ချိုလားခါးလဲလဲမသိဘူး

    နောက်တစ်ခါ အိပ်မက်စားရင် နည်းနည်းပေးမြည်း

    ကြက်ဟင်းခါးသီးလောက်ခါးရင် တော့စားမယ်

    ချစ်ခင်စွာဖြင့်

    ဖိုးစိန်
    Fraganipani said...
    ဟေးညီမလေးရေ Jurong West ကအိမ်လေးရယ် .ခဏခဏမြည်တဲ့ ဖုန်းသံရယ် , 7 Eleven ရယ် , တူတူပုန်းခဲ့ ကြတဲ့ ကလေးကစားကွင်းက လျှောစီးတဲ့ နေရာတွေကို ဒီပို့ (စ်)လေးဖတ်ရင်း တမ်းတမိပါတယ် ။

Post a Comment