"...မျက်ဝန်း စကားပြေ...."


















လတ်တလော ကျမရာသီဥတုမှာ
နူးညံ့ခြင်းတွေနဲ့ ပဲ မွန်းကျပ်နေခဲ့တယ်....
ဘာအကူအညီကိုမှ ကျမ မလိုအပ်ပါဘူး ....
ဖြစ်နိုင်မယ်ဆိုရင်တော့...
နားလည်ခံစားပေမယ့် ရင်ဘတ်တစုံဆီပဲ
အလှူခံမိမယ်....ထင်ရဲ့ ...။ ။

ဖြစ်တတ်ပါတယ် ဆိုတဲ့အကြောင်း ကျမစာလုံးပေါင်းတတ်ပါတယ်..
ဘ၀ ဆိုတာကို ကျမနားလည်နေပေမယ့်
တခါတလေတော့လည်း
သက်ပြင်းချခွင့်ရှိနေသေးတယ်မဟုတ်လား....။ ။

အင်း... ဒီလိုပါပဲ
ကျမ နှလုံးသားတွေ ပင်စင်တော့မယူလောက်သေးဘူးထင်ပ
ခံစားချက်တွေကတော့
ခုန်ပေါက်ထွက်လာတိုင်း
နွယ်တပင်မှာ သွားသွားငြိနေတတ်တယ်....။ ။

ကျမ ပြောမယ်
ဒီစာသားတွေအတွက်
ရှင့်မျက်ဝန်း တစုံ ခါးနေမယ်ဆိုရင်တော့ကျမဘက်က
အနူးအညွှတ်တောင်းပန်ဖြစ်ပါလိမ့်မယ်...
ဒါပေမယ့်...
ကျမ မျက်ဝန်းတွေမှာ မိုးရွာဖြစ်တိုင်း
ဟောဒီရင်ဘတ်ထဲကတော့
ခံနိုင် ရည် နည်း နည်းနေတတ်ပြီ.....။ ။

7 Comments:

  1. ခရောင်း said...
    မိုးရွာနေတဲ့ မျက်ဝန်းတွေကို
    မိုရေ သုတ်ပေးမယ့်သူရှိပါစေ..........။
    မိုးခါး said...
    ဝေ
    ကောင်းလိုက်တာ
    ကျမ မျက်ဝန်းတွေမှာ မိုးရွာဖြစ်တိုင်း
    ဟောဒီရင်ဘတ်ထဲကတော့
    ခံနိုင် ရည် နည်း နည်းနေတတ်ပြီ.....။ ။ နဲနဲတိုက်ဆိုင်သလိုရှိတယ် .. ဒါပေမယ့် ငိုတော့ မငိုဘူး :D
    လင်းကြယ်ဖြူ said...
    ငိုကြပါနဲ့..ငိုကြပါနဲ့ ...ငိုတာကောင်းပါဘူးနော်..
    ကဗျာလေးက Heart ထိစရာလေး..ဟဲ..
    ပျော်ပါစေ...
    thoehtane said...
    wow...
    you have a sense!!!
    such nice and impressive collection indeed.

    -th
    Anonymous said...
    ဖြစ်နိုင်မယ်ဆိုရင်တော့...
    နားလည်ခံစားပေမယ့် ရင်ဘတ်တစုံဆီပဲ
    အလှူခံမိမယ်....ထင်ရဲ့ ...။ ။

    ကောင်းလိုက်တဲ့ စကားလုံးလေး
    စိမ်း... said...
    ကဗျာလေး ကောင်းလိုက်တာ ကြိုက်တယ်..
    Anonymous said...
    ကဗျာလေးကစွဲဆောင်မှုရှိတယ်

Post a Comment