တနင်္လာပြောထားပေမယ့် ဒီနေ့ မှဖြစ်သွားတယ်..မနေ့ က နွေးကိုရုံးမှာ မလှုပ်နိုင်အောင်စွတ်မောင်းနေကြလို့ ပါ…
ဘ၀သမားမို့ ဂတိပျက်ရတာပါ တောင်းပန်ပါတယ်နော်… :- )
၆။ ပီအမ်
ဒီကလေးကတော့ (ဟိ) သူ့ ကို လူတွေက စာတွေဖတ်ပြီး အသက်ကြီးလှပြီထင်ကြတော့
သူ့ မွေးနေ့ နီးတော့ စိတ်ကောက်ရှာတယ်..ထင်ပါ့..စာတွေရေးထားတာတွေ့ တယ်..
အဲဒါနဲ့ ပဲ သူ့ ကိုမွေးနေ ဆုတောင်းလေးတောင် ပို့ ပြီး ချစ်မမကြီး ဆိုပြီးနောက်မိပါသေးတယ်..
သူကလည်းပဲ ပြန်နောက်ပါတယ်…ကျမ ဓါတ်ပုံတွေ့ တာနဲ့  လန့် ဖျားဖျားကြမယ်ဆိုလား… :-P
ဒီစလုံးမှာပဲ ကျောင်းတက်နေတဲ့ မောင်လေးထင်ပါတယ်..ကျမ ကလဲ အငယ်ဆုံးပီပီ သိပ်လူကြီးဖြစ်ချင်တော့
အားရင်အားသလို သူ့ဘလော့ ကိုအမကြီးတယောက်လိုကို သွားသွားစ ပါတယ်… တကယ်က ၂ နှစ်ပဲကွာတာပါ.. ;)
အဲ…အဲ့ဒီမောင်လေးကိုလဲ အခွင့်သင့်ရင်တော့မြင်ဖူးချင်ပါတယ်..
ရ။ ကိုနောင်
ကျမ မနက်မိုးလင်းကွန်ပြူတာဖွင့်ပြီးတိုင်း အပြေးသွားတာကတော့…သူ့ ဘလော့ကိုပါပဲ… ဒီနေ့ မြန်မာငွေဈေးလေးများ တက်လာမလား ၊
ကျသွားလေမလား ရင်တခုန်ခုန်နဲ့ ပေါ့… ဟိုး အရင် သူ့ အိမ်အဟောင်းမှာကတည်းက ခင်လာကြတာပါ… အဲ့ဒီအချိန်က လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကျမ ရန်ကုန်မှာပဲ ရှိပါသေးတယ်..အွန်လိုင်းမှာအားကိုးစရာ အကိုရင်းတွေထဲက တယောက်ပေါ့…ကွန်ပြူတာရှေ့မှာထိုင်နေရင်း ရန်ကုန်က ဈေးနှုန်းတွေ အကုန်သိနေရလို့ အလွန် အသုံးဝင်တဲ့ အိမ်ကလေးပိုင်ရှင်ပါ…
သူနဲ့ လဲတွေ့ ချင်ပါသေးတယ်…
၈။ Welcome
ဒီအကို က ကို မန္တလေးသား ပါ.ထင်တာ...ဟိ .ပွင့်ပွင့်လင်းလင်းရှိပြီး ခင်ဖို့ ကောင်းမယ့်ပုံပါ…
ပညာပေးစာလေးတွေ အတွေ့ အကြုံနဲ့ ယှဉ်ပြီးရေးတတ်တယ်..
သူတင်ထားတဲ့ လေးဖြူ သီချင်းလဲ အရမ်း ဟတ်ထိ…
ကိုဝင်းဇော်ကိုလဲ မြင်ဖူးချင်မိတယ်…

၉။ ဂျပန်ကောင်လေး

စုဗူးမှာထဲက သူ့ စာတွေလိုက်ဖတ်ဖြစ်တာပါ..စာရေးတာဆွဲဆောင်မှု တမျိုးရှိတယ်ပြောရမယ်..
ဟိ..သူ့ ဘလော့နာမည်ကြီးကိုတော့ မကြိုက်ဘူး… ဂျပန် ကုမ္မ္ဘုဏီမှာ အလုပ်လုပ်နေရတော့ ဂျပန်ဆို ကြည့်မရတော့ဘူးး… :-P
ဟိုတလောက စုဗူးတွေ့ ဆုံပွဲ မလုပ်ဖြစ်တော့ မမမေသဲတို့ နဲ့ အတူ မမြင်ဘူးလိုက်ရဘူး.. ဂျီတော့ ရသလောက်တော့ တော်တော် ခင်ဖို့ ကောင်းမယ့် အကိုပါပဲ.. မြင်ဖူးချင်သေးတယ်..ဆုံဖြစ်မယ်လဲထင်ပါတယ်..

၁၀။ မမနော်ဟရီ
ကျမ က သူ့ ပရိသတ်ပါ…အမစာတွေဖတ်မိရင် တွေးစရာတွေကျန်ခဲ့တယ်…ပြီးတော့ ကဗျာရေး လဲ အရမ်းကောင်းတယ်..
ဘလော့မှာသူ့ စာတွေတ၀ကြီးဖတ်ရလို့ ကျေနပ်မိတယ်... ထက်မြက်တဲ့မိန်းမ တယောက်မှာရှိသင့်တဲ့ မာန်မျိုး အပြည့်အ၀ ရှိတယ်လို့ ထင်တယ်.. သူ့ စာတွေထဲက မြင်ရတဲ့ သူ့ စိတ်ဓါတ်ကို အရမ်းသဘောကျတယ်… သူ့ ဘလော့က ဓါတ်ပုံလေးထဲက သွယ်သွယ်ချောချော
အဲ့ဒီ မမစာရေးဆရာမ လေးကိုလဲ တွေ့ ဖူးချင်တယ်….
ကဲ ၁၀ ယောက်တော့ပြည့်သွားပြီလေ… ဆက်ရေးမယ်ဆို ရင် မောင်နှမတွေ အများကြီးရှိသေးတယ်…
အခုလို ကိုယ်လေးစားတဲ့၊ ခင်မင်တဲ့သူတွေ နာမည်ကိုဖေါ်ပြခွင့်ရတဲ့ အတွက် ကိုလင်းကြယ်ဖြူကိုလဲ အရမ်းကျေးဇူးတင်ပါတယ်…
နွေး လက်ပတော့လေးလဲပြန်ကောင်းသွားပြီမို့ အရမ်းပျော်နေတယ်လို့ …

7 Comments:

  1. Welcome said...
    ပျော်စရာ ကောင်းတဲ့ tag post လေးကို ၂-ပိုင်းခွဲရေးထားလို့ စိတ်ဝင်စား စွာနဲ့ လည်ပင်းရှည်စွာ စောင့်နေမိပါတယ်။ ကတိကို လွယ်လွယ်နဲ့ ဖျက်တတ်တဲ့ ကလေးမ မဟုတ်မှန်း သိရယ်။ ဒါကြောင့် လက်လာတို့မဲ့ အချိန်ကို စောင့်နေတာ။ ကျွန်တော်လဲ ဘလောဂ့် မောင်နှမ တွေကို အကုန်ခင်ချင်၊ မြင်ဖူးချင် ပါတယ်။ မန်းလေးသားတော့ ဟုတ်ပါဘူး။ တွေ့ချင်တဲ့ စာရင်းထဲမှာ ပါလို့ ကျေးဇူး။ ရေးပေးထားမယ်နော် ဒီမှာလင့်ခ် (http://winzaw-mdy.blogspot.com/2009/04/blog-post_18.html)

    သယ်ချင်းလဲ တွေ့ချင်တဲ့ ဘလောဂ့်ဂါမောင်နှမ တွေနဲ့ အမှန်တွေ့ဆုံနိုင်ပါစေ ..
    Phyo Maw said...
    လက် တစ်ဖက် မပြည့် ရုံတင်လား မမရယ် :P
    မစ္စတာဆေးလားမွန်း said...
    >>
    အယ် .. ဘယ်မှ မရောက်တာကြာသမို့ နဲနဲ အဆက်ပြတ်သွားရော ..
    လန့် တာ .. တဂ် ..ဆိုလို့ ..
    ဘာများဖြစ်လဲပေါ့ ..
    ..
    ရောက်တော့မှ .. အော် .. တဂ် ဆိုတာ ဂလိုကိုးလို့ ..
    ပြောစရာတောင် မလိုဘူး.. ဒီ လူ နဲ့ ဒီ သူ ..
    ကျုပ်ကလဲ တွေ့ချင်ပါသေးတယ် အေ ..
    ..
    အော် ခုမှ ပြောရတယ် ..နေကောင်းအောင် နေနော့ ..
    အလုပ်ထဲကနေ အင်တာနက်ကို ခိုးခိုး မသုံးနဲ့ ..
    အစစအရာရာ ဂရုစိုက်..
    အယ်..
    ...
    ဘာမှလဲ မဆိုင်ဘူး..
    ရောက်တာနဲ့ ..
    ဆုံးမတော့တာပဲ...မစ္စတာဆေးလားမွန်း ကတော့လေ..
    :-)
    (လောလောဆယ် ဒါအရင်လာပြောတယ်..)
    နောက် မှ .. ။
    ဂျပန်ကောင်လေး said...
    ကျေးဇူးတင်ပါတယ်နွေးရေ... သိပ်လည်းမတွေ့ဖြစ်တော့ စာရင်းထဲ ပါမယ်တောင်မထင်ထားဘူး... :)
    Anonymous said...
    ဟေးဟေး ကောင်မလေး ပြန်တဂ်ထားတယ်ဆိုတာလေး
    မမေ့နဲ့နော် ............
    လင်းကြယ်ဖြူ said...
    Laptop ကောင်းသ္ဂားပြီဆိုတော့ ဆက်ရေးတော့နော်။ဝမ်းသာပါတယ်ခင်ဗျာ။
    ကျေးဇူးလည်းအရမ်းတင်ပါတယ်နော်...
    ပျော်ပါစေ
    မိုးခါး said...
    တွေ့မယ်လေ နွေးရေ .. အားရင် လက်တို့လိုက် .. :D

Post a Comment