မေ့နေတတ်တဲ့ လူတယောက်အတွက်
သတိရတတ် ခြင်းတွေပေးဖို့ ရာ
ငါ့မှာ လုံလောက်တဲ့တမ်းတခွင့်မရှိဘူး.......။
"ဘာလို့ မဖြစ်နိုင်ရမှာလဲ?" လို့ မေးနေတဲ့ ပတ်ဝန်းကျင်အတွက်
ဘ၀ ၇ဲ့ ကံဆိုးခြင်းတွေကိုပြန်အစဖေါ်ဖို့ 
ငါ့မှာ...သတ္တိ မရှိဘူး........။
မြေနိမ့်ရာ လှံစိုက်တတ်တဲ့ လူ့ သဘာဝကိုသိထားပေမယ့်
သူတို့ အထိုးနှက်ခံဘ၀ကို ငြင်းပယ်နိုင်ဖို့ 
ကုန်းမြင့်မြင့်တွေ...ငါ့ဘ၀ မှာမရှိဘူး...။
ဘယ်သူတွေ ဘယ်လို ပြောင်းလဲ ပြောင်းလဲ
အမြဲတမ်းငါ့ဘက်မှာ ရှိနေခဲ့တဲ့ ချစ်သူတယောက်
ငါ့ဘ၀ ထဲကထွက်ခွါ သွားတဲ့အခါ.....
"တယောက်တည်းမထားခဲ့ပါနဲ့ " ဆိုတဲ့ရင်ထဲကစကား
ပြောဖို့ မတန်တဲ့ငါ့အတွက်
တားမြစ်ခွင့် ဆိုတာ ..........
ငါ့မှာမရှိခဲ့ဘူး..............။
( ၂၀၀၇ ခုနှစ် ဒီဇင်ဘာ လောက် တုန်းက စုဗူးမှာရေးဖြစ်ခဲ့တဲ့ကဗျာလေးပါ)
ကဏ္ဍ - ငယ်ငယ်က ကဗျာ...
5 Comments:
Subscribe to:
Post Comments (Atom)
လက်ခံမခံတော့ သူ့အပိုင်းပေါ့ ...
တိုင်ဆိုင်စွာနဲ့ ရင်ကိုထိစေတယ်
ပြောချင်တဲ့စကားလုံးတွေက
ကဗျာထဲ အကုန်ရောက်နေသလိုပါပဲ
ဘာပဲဖြစ်ဖြစ် နှစ်သက်ပါတယ်၊ ကဗျာကို
သူကြင်မှ ကိုယ် ကြင်ပေါ့
ဂျင်းစိမ်း နဲ့ မိတ်သလင်းပေါ့
မတားနဲ့ မတားနဲ့ သူလမ်းသူ့သွားပါစေဗျာ
ဟ .... ဟ နောက်တပါ
အဲလောက် ကိုယ့် ကို ကိုယ် အပင်ပန်းမခံပါနဲ့
ခင်တဲ့
Ree Noe
သတိရတတ် ခြင်းတွေပေးဖို့ ရာ
ငါ့မှာ လုံလောက်တဲ့တမ်းတခွင့်မရှိဘူး.......။"
ဖတ်လို့ကောင်းတယ်၊ ပထမဆုံးအကြိမ် လာလည်သွားပါတယ်။ :)