အင်းးးးး…. ဂျူလိုင် လ ၂၂ ရက်နေ့ ဆူနာမီ လာဦးမယ်တဲ့ … Forward မေးတစောင်ရတယ်…
ဘုရား..၊ ဘုရား… ကောလဟာလ တွေပဲ ဖြစ်ပါစေ လို့ ဆုတောင်းမိတယ်… သူပေးတဲ့ထဲမှာ ကိုယ့်အမိနိုင်ငံတော့ မပါဘူး…
ဒါပေမယ့် အခုနေနေရတဲ့ ဒွေးတော် နိုင်ငံကတော့ Affected Area ထဲမှာပါနေလေရဲ့ …အိ…
အခြေအနေ ဆိုးနိုင်ပြီးတော့ သက်ရောက်လောက်တဲ့ နိုင်ငံတွေက မလေးရှား ၊ စင်ကာပူ၊ မော်ဒိုက် ၊ အော်ဇီ၊ သီရိလင်္ကာ၊
အိန္ဒိယ ၊ အင်ဒိုနီးရှား ၊ ဖိလစ်ပင်း ( ကျမက စာလုံးပေါင်းမသိလို့ မှားနေရင်ခွင့်လွှတ်ကြပါ ) တို့ ပါပါ တယ်…တဲ့…
တကယ်သာဆို စိတ်မကောင်းစရာ….။ ငလျှင်လှိုင်းဆိုတာ ဒီလို အဝေးကြီးကတည်းက ကြိုတင်ခန့် မှန်းလို့ ရပါသလား…ကျမ လဲသေချာမသိပါ… သိရှိသောသူငယ်ချင်းများပါက ဆွေးနွေးနိုင်ပါသည်…ဒီလို ၂၂ရက် ဂျူလိုင်ဆို၍ ရက်အတိအကျရော ခန့် မှန်းရနိုင်ပါသလား…မည်သို့ ပင်ဖြစ်စေ…ထိုရက်ပိုင်း အတွင်း ကမ်းခြေသို့ အသွားအလာ ဆင်ခြင် ကြစေချင်ပါသည်..
အခု ကမ္ဘာ အနှံ့ ကျရောက်နေသော ကပ်များမှာ ကြောက်စရာ ကောင်းလှပါသည်…
ဒီနေ့ ပဲ ၀က်တုပ်ကွေး ခေါ် (SWINE Flu) ကို WHO (World Health Organisation) မှ Alert level 5 အထိ မြှင့်တင်၍
အပြင်းအထန် သတိပေးနေကြပါသည်.. ရုံးမှာလဲ နေ့ စဉ်နှင့် အမျှ အဖျားလာတိုင်းကြသည် မှာ တစ်နေ့ လျှင် နှစ်ကြိမ် ( ဂျပန်တွေက လူပု သလောက် လျှာရှည် ၊ သည်း ပါသည် :-P )
ကိုယ့်ဘာကိုယ် ရိုးရိုး ဖျားမှာတောင်ကြောက်နေရသည်.. ဖျားသည်နှင့် ရုံး အလာမခံပါ… ကျမ တို့ အပြင်ထွက်၍ Customer နှင့်တွေ့ လျှင်
Surgical Mark စွပ်သွားရသည်.. ( ပိုတာအဲ့ဒါတွေပါ) ဘာပဲပြောပြော စိတ်ချရပါသည်.. အစည်းအဝေးတိုင်းလဲ Mark စွပ်ထားရသည်.. နှုတ်ခမ်းနီကုန် အလွန်သက်သာနေပါသည်…
ကျမ ကတော့ အိမ်နှင့် အတိုက်အခံလုပ်၍ ၀က်မွေးနေသော အကိုဝမ်းကွဲ တယောက်အတွက် စိုးရိမ်မိသည်..
ကမ္ဘာကြီးက တော့ ကပ်ဆိုက်နေပြီထင်ပါသည်… ( ခွါဆိုက်လျှင်ကောင်းမည်) ကြက်ငှက် တုပ်ကွေး ပြီးတော့
အခု ၀က်တုပ်ကွေး လာနေသည်.. နောက်များ ဆိတ်တုပ်ကွေး ၊ အမဲတုပ်ကွေး၊ ပုစွန် တုပ်ကွေး ( တော်တော်စားကောင်းမည်)
များပါ လာမည်လား မပြောနိုင်ပါ… ဘာပဲ ဖြစ်ဖြစ် မောင်နှမ အားလုံးဥာဏ် နှင့်ယှဉ်၍ သတိထားစေချင် ပါသည်..။
ကြားသမျှ ယုံ၍ ကြောက်နေရမည်ဟု မပြောပါ … အောက်ပါ အချက်များမှာ WHO မှကြေငြာထားသော အခြေခံ လိုက်နာသင့်သော
အချက်များဖြစ်ပါသည်..
(၁) တကိုယ်ရည် သန့် ရှင်းမှု ကို ဂရုစိုက်ထိန်းသိမ်းပါ
(၂) ကိုယ့် အလုပ်နေရာ နှင့် ကိုယ့်အိမ် ၊ အိပ်ခန်း ပတ်ဝန်းကျင် သန့် ရှင်းမှု ကိုရော ဂရုစိုက်ပါ
(၃) ကောင်းမွန်စွာ အနားယူပါ ( ဥပမာ ၊ တစ်နေ့ ရင် ၈နာရီ အပြည့်အ၀ အိပ်စက် အနားယူခြင်း )
(၄) သင့်တင့်မျှတသော လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဖြင့် ကျန်းမာရေးနှင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပါ
(၅) ကိုယ်အပူချိန် ကိုနေ့ စဉ် တိုင်း၍ မှတ်တမ်းတင်ထားပါ
(၆) သင်ဖျားနေသည်ဟု သံသယရှိပါက လူထူထပ်သော နေရာများ ကိုသွားခြင်းမှရှောင်၍
Surgical Mark ကို အသုံးပြုပါ
ကျမ ၏ ဘာသာပြန်ညံ့သော အဖြစ် ကြောင့်စာဖတ်သူအခက်အခဲရှိပါက ခွင့်လွှတ်စေချင်ပါသည်
ဝက်တုပ်ကွေး ၏ အစပျိုးလက္ခဏာများကတော့
(၁) အဖျား ၃၈ ဒီဂရီ အထက်ဖျားခြင်း
(၂) ပင်ပန်းနွမ်းနယ်ခြင်း (ကြွက်သားများနာကျင်ခြင်း နှင့် အရိုးအဆစ်များကိုက်ခဲခြင်း)
(၃) အစာအိမ်အောင့်ခြင်း နှင့် ၀မ်းလျောခြင်း
တို့ ဖြစ်ပါတယ်… ရိုးရိုး တုပ်ကွေးဖျားနှင့် သိပ်မကွာလှတဲ့ အချက်တွေပါ..။
ရောဂါရင့် အကျိုးဆက်များကတော့
(၁) အသက်ရှု ပြင်းခြင်း နှင့် အဆက်မပြတ်နှာ စေးခြင်း
(၂) အသက်ရှုခက်ခဲခြင်း ၊ အသက်ရှုမ၀ခြင်း
(၃) နှာခေါင်းနှင့် နားပေါက်များထဲမှ သွေးများယိုကျခြင်းနှင့် အဆုံးမှာတော့
အသက်အန္တရာယ် ကို ထိခိုက်စေပါတယ်…
ကဲ အားလုံးပဲ သတိနှင့်ယှဉ်၍ မြင်နိုင်ကြပါစေ…။
အချပ်ပို ။ ။နောက်ဆုံးရ သတင်းအရ ၀က်တမျိုးထဲမှ Resource မဟုတ်ကြောင်းနှင့် အရင်းအမြစ်ကို ရှာမတွေ့ နိုင်သေး၍ ကာကွယ်ရန် တော်တော်ခက်ခဲနေကြောင်းသိရပါသည်..။
8 Comments:
  1. ကဗျာမလေး said...
    ဆူနာမီ လာဦးမယ်တဲ့လား ..... အော် အကုသိုလ်သမားတွေတော့ သတိပိုထားကြရဦးမှာပေါ့လေ ..... သက်ရှိသတ္တ၀ါအားလုံး အန္တရာယ်ကင်း ဘေးရှင်းကြပါစေ။
    Welcome said...
    ဒါဆို ၀က်သားချားတော့ဘူး
    အကောင်လိုက်ပဲ မှောင်းသွင်းမယ် ..
    ဆူနာမီလာရင် မကြိုတော့ဘူး
    တောင်ကြီးရောက်နေလို့
    ×××
    လင်းကြယ်ဖြူ said...
    ကျေးဇူးဟေ့
    လင်းကြယ်ဖြူ said...
    အင်း...တဖြည်းဖြည်းနဲ့စားစရာတ္ဂေလည်းနဲလာပြီ..နောက်ဆို သတ်သတ်လ္ဂတ်စားပြီး Beer သောက်နေတာပဲကောင်းတော့မယ်ထင်တယ်.မှတ်ချက်-Beer သည် 100%Vegetarian Drink ဖြစ်ပါသည်။
    သတ်သတ်လ္ဂတ်တာတောင် လဖက်သုတ်စားရင် အ၀ါရောင်ဆိုးဆေးမိနေဦးမယ်..
    တော်ပါပြီ အာဟာရသိဒ္ဓိပေါက်နည်း စ ကျင့်တော့မယ်ခင်ဗျ။Cost လည်းထိမ်းလို့ရတာပေါ့နော်။
    ဟဲ..ဟဲ..ပျော်ပါစေ
    နွေးနေခြည် said...
    ဆူနာမီမေးရဖူးတယ် နောက်ဆုံးကျတော့ သူ့အကောင့်ထဲ ငွေလွှဲခိုင်းတာ...ဟီးးဟီးး
    ငလျှင်က ကြိုခန့်မှန်းလို့မရဘူးလို့ သိထားပါတယ်။ တမဟုတ်ချင်း နည်းပညာတွေ တိုးတက်ပြီး ခန့်မှန်းလို့ ရသွားရင်တော့ မပြောတတ်။း)
    မိုးခါး said...
    ဒီမှာ ဆူနာမီအကြောင်းပြပြီး ရုံးတွေပိတ်လိုက်ရင်ကောင်းမယ်
    ၁ပတ် ၁၀ ရက်လောက် :D
    ရုံးက ကမ်းနားမှာလေ ဖြစ်သေးပါဘူး :P
    Mr.Sail♥rM♥♥n said...
    >>
    ကျုပ် ညီမ ရယ် ..
    မရောက်တာကြာ..မလည်တာကြာ .. ဆောရီး :-)
    ဆူနာမီ မေးလ်က Rumor ပါကွယ် .. Hoax Mail ကြီး ..။
    အယ် ..ဒါပေမဲ့.. အဲဒီနေ့မှာ နေကြတ်မယ်ကွဲ့  ..နေကြတ်ခြင်းက အမှန်ဖြစ်ပြီး ..နေကြတ်ခြင်းကြောင့် ဆူနာမီငလျင်လာမယ်ဆိုပြီး ရောင်တောပြန် Rumor လွတ်လိုက်တာပါကွယ် .. စိတ်ထဲကို ထည့်တောင်မနေနဲ့ .. အာရုံလေးတယ်။
    အခုချိန် Alert က Swine Flu လေးဘဲ အဓိက အရေးကြီး..သတိချပ်နေပါကွယ် ..။
    * EOS (Earth Observatory of Singapore, NTU ) ရဲ့  ဝက်ဆိုဒ်လင့်မှာ ..ဇူလိုင် ၂၂ ဆူနာမီ ကိစ္စကို ..ဧပြီလ ၁၅ ရက်နေ့ထဲက Offically ရှင်းပြထားတာ ရှိကြောင်း ။
    http://www.earthobservatory.sg/news/2009/20090415-July22-Tsunami-Hoax/index.php
    နေးတစ် said...
    ငလျင် ဆိုတာကြိုတင်ဟောကိန်း ထုတ်လို့မရဘူးလို့ ကြားဖူးတယ် ခင်ဗျ။
Post a Comment