အဲ…ကိုလင်းကြယ်ဖြူက တဂ်တယ်…အတွေ့ ချင်ဆုံးလူ ၁၀ ယောက်တဲ့… နည်းနည်းစဉ်းစားရတာပေါ့…အများကြီးထဲကမှရွေးထုတ်ရတော့မယ်…
မတွေ့ ချင်ဆုံးလူ ၁၀ ယောက်ဆိုရင်တော့ လွယ်လွယ်လေးရယ် ( ရည်းစားဟောင်းတွေ နာမည်တွေချရေးလိုက်ရုံပဲ.. :-P )
အဲ့လိုပြောလို့ အများကြီးထင်ဦးမယ်… အထင်မလွဲပါနဲ့ …လက်တဖက်တောင်မပြည့်တတ်ပါဘူးး..း)

သူများတွေရေးနေတဲ့ပုံစံမျိုးပဲ ရေးချ လိုက်ပါရစေ… ကျမ က ကဗျာပဲအရေးသန်တာကြောင့် စာကြောင်းရှည်ရှည်မဖွဲ့ တတ်လို့ ပါ…
တဖွဲ့ တနွဲ့ စာမရေးတတ်တာ က ရည်းစားစာ အများကြီးမရေးဖူးခဲ့လို့ ပါ… :-P ( ရေးတတ်တဲ့သူတွေ ကိုဖဲ့တာ…ဟိ)
အမှန်ကတော့…ဘယ်ရည်းစားကမှလဲ ကျမရေးတဲ့စာ မဖတ်ချင်ခဲ့ကြဘူးလေ..(လက်ရေးစုတ်ချာလွန်းလို့ တဲ့….း-)့ )့

ကဲ ရှာပုံတော်ဖွင့်လိုက်ကြရအောင်နော်… တချို့ ကိုလဲ သူများတွေတဂ်ပြီးသားလူတွေဖြစ်ချင်ဖြစ်လိမ့်မယ်…ဒါပေမယ့် ကျမ က ကျမစိတ်ထဲမှာတကယ်တွေ့ ချင်တဲ့သူတွေကိုမလိမ်မညာတမ်းရေးချင်တဲ့အတွက် ထပ်ရေးပါမယ်…
မကျေနပ်ရင် လက်မှတ်ထိုးပြီး မုန့် လိုက်ဝယ်ကျွေးနိုင်ပါတယ်..
အင်းး….ကျမ ဘယ်မောင်နှမဆယ်ယောက်နဲ့ အပြင်မှာ ဒူးတိုက်အစည်းအဝေး
လုပ်ချင်သလဲဆိုတော့…
ပထမဆုံး
၁။ မမမိုးခါး.
သူ နှင့်ကျမ ဖုန်း၂ခါ ၃ခါပြောဖူးပါတယ်… အရမ်းလဲ ရင်းနှီးနေသလိုခံစားရတယ်…
ဒါပေမယ့်တခါမှ မမြင်ဖူးသေးပါဘူး…
သူက စိတ်ကလေးနူးညံ့ပုံရတယ်…သဘောကောင်းတယ်...အလွမ်းဓါတ်ခံလဲ ရှိပုံရတယ်…သူရေးတဲ့ဝတ္ထုလေး တွေက
လွမ်းစရာတွေ၊ ဆွေးစရာလေးတွေ... ၀ါသနာပါရင် သူ့ ဘလော့လေးလိုက်သွားပြီး သွားငိုလို့ ရတယ်နော်..(ဒီကတော့ ငိုလို့ ဝပြီ )
သူနဲ့ တွေ့ ဖြစ်ရင် လက်တို့ ပြီးတော့ မေးရဦးမယ်… ( အလွမ်းဓါတ်ခံလေးတွေအကြောင်းပါ :-P)

၂။ ကိုလင်းကြယ်ဖြူ
သူ တဂ်လို့ သူ့ ကိုပါအောင်ရေးတာမဟုတ်ရပါဘူးး.. ကျမ ကသူ့ စာတွေကိုတစိုက်တမတ်မတ်အားပေးနေတဲ့
ပရိသတ်ပါ..ကျမ အလုပ်က Associate Engineer ဆိုပေမယ့် Marketing & Business Development Department မှာပါ
Sales Engineer လိုပုံစံမျိုး Customer နဲ့ အမြဲသွားတွေ့ နေရပြီး..ကိုယ့် ထုတ်ကုန်ပစ္စည်း အကြောင်း၊ ဘယ် Capacitor က
ဘယ်နေရာမှာသုံးလို့ ရကြောင်း ၊ ဘယ် Application နဲ့ ပိုအဆင်ပြေကြောင်းအမြဲ ရှင်းပြနေရတဲ့ အလုပ်မျိုးပေါ့…။
သူရေးတဲ့ စာတွေဟာ ကျမ အတွက်တော့ တော်တော့ကို အကျိုးရှိတာအမှန်ပါ… သူနဲ့ တွေ့ ရရင်တော့ အလုပ်နဲ့ ပတ်သတ်ပြီး
ဆွေးနွေးစရာ တွေ အများကြီး ရှိနေပြီး စကားတော်တော်ပြောလို့ ကောင်ဦးမှာပါ….။

၃။ မသက်ဇင်
ကျမရေးတဲ့ ခံစားမှု သက်သက်စာတွေကို အမြဲ လိုလို အချိန်ပေးပြီးလာဖတ်ပေးတဲ့ အမပါ..
ကျမ က မြန်မာဖြစ်ပြီးပုဂံကို မရောက်ဖူးပါဘူး… အမစာတွေ ဖတ်ရတာ တခုခုကိုလွမ်းသလိုလို
ရင်ထဲမှာနင့်နင့်နဲနဲ ကျန်နေခဲ့တယ်… မရောက်ဖူးသေးတဲ့ပုဂံကိုလဲ ကိုယ်တိုင်ရောက်သွားသလိုစိတ်ကူးယဉ်မိတယ်…
ကျမ ကိုယ်တော်ချောလေး ကိုတောင် မြန်မာပြည်ပြန်တဲ့အခါ ဟန်းနီးမွန်းကို ပုဂံကိုပဲသွားမယ်နော်လို့ အမစာတွေဖတ်ပြီး
ပူစာ ထားပါသေးတယ်… (ကြော်ငြား-P) အမ နဲ့ တွေ့ ရရင် ပုဂံအကြောင်းတွေ ထိုင်ပြောကြမယ်…

၎။ ကိုကြီးဗညားရှိန်
ဒီအကိုကိုလဲ မမမိုးခါးလိုပဲ စိတ်ထဲက ရင်းနှီးနေသလိုခံစားရတာပါ…ဒါပေမယ့်တခါမှမမြင်ဘူးပါဘူး..
သူက မမမိုးခါးရဲ့ သူငယ်ချင်း လဲဖြစ်သလို၊ ကျမရဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးဖြစ်တဲ့ ၀ါဝါ (သူရဿဝါ)
တို့ နဲ့ တဖွဲ့ ထဲ ပေါင်းနေကြတဲ့သူငယ်ချင်းတွေပါ…ကျမရဲ့ ဘလော့လေးကိုသူ့ ကို Password ပေးပြီးပြင်ခိုင်းထားရတာဖြစ်ပြီး..
သူ ဖိုရမ်ထိန်းလုပ်နေတဲ့ မြက်ခင်းသစ်မှာလဲ ကျမ စာတွေကိုအမြဲရေးဖြစ်နေပါတယ်… သူနဲ့ တွေ့ ဖြစ်ရင်တော့ ၀ါဝါတို့ နဲ့ အတူတူဖြစ်နေမှာမို့ 
တ၀ါးဝါး (သန်းတာမဟုတ် ၊ရယ်ခြင်းပါ) ဖြစ်နေဦးမှာသေချာပါတယ်..ပြီးတော့ မမ မိုးခါးအတင်းတွေထိုင်ပြောပါမယ်..ဟိ

၅။ခရောင်းလမ်း
ကိုခရောင်း ကို ခရောင်းလမ်းဆိုတဲ့ သူ့ ဘလော့နာမည်ကိုစတွေ့ ကတည်းက စိတ်ဝင်တစားဖတ်မိတာပါ…
သူ ရေးတဲ့စာတွေထဲမှာ ကျမ လှိုက်လှိုက်လှဲလှဲ ထောက်ခံမိတဲ့ စကားလုံးတွေပါနေတတ်တယ်..
တခါတလေ ခံစားချက်ချင်းတိုက်ဆိုင်တယ်ပေါ့…သူက ဘ၀ အကြောင်းတွေကို လက်တွေ့ ကျကျ
ခင်းကျင်းပြသ တတ်ပါတယ်… သူ့ ကိုလဲကျမ မြင်ဘူးချင်ပါတယ်…သူ့ စာတွေထဲမှာ ဘ၀ထဲကဖေါက်ထွက်လာတဲ့
စကားသံတွေပါနေလို့ ပါ။

နောက်ထပ် ၅ယောက် ကို တနင်္လာနေ့ တင်ပေးပါ့မယ်.. တ၀က်တပျက်နဲ့ မို့ တဂ်တဲ့သူကိုလဲအားနာပါတယ်..ရှင်..အခုတော့ ရုံးလဲဆင်းပြီ…ကျမ လက်ပတော့လေးကလဲ ပြန် Format ချရမှာမအားသေးလို့ ပျက်လျှက်ရှိနေသေးလို့ အိမ်မှာမရေးနိုင်… လို့ ပါ..
ရုံးမှာကလဲ တနေ့ ကို အခါ ၃၀ မှ ၅၀ ဖြေနေရတဲ့ ဖုန်းတွေကြား ခိုးရေးနေရလို့ ပါနော်…
ကိုလင်းကြယ်ဖြူကိုလဲနောက်တပတ် Vacation မပြန်ခင်အကြွေးဆပ်ပါ့မယ်လို့ တောင်းပန်ရင်း…..

7 Comments:

  1. မိုးခါး said...
    ဟင်
    နှစ်ပိုင်းခွဲလိုက်သေးတယ်
    လူဆိုးပဲ :D
    Welcome said...
    မိုးခါးရေ ..
    ရှိတော့ ရှိတယ် ရှားတယ် ဆိုတာ
    နွေးနွေးသဲမွန်ကို ပြောတာဖြစ်မယ် ..
    ဆက်ရန်ကို မြန်မြန်လုပ်ပါ။
    ရင်တုန်စွာနဲ့ စောင့်နေရလို့
    အဟဲ

    ပျော်ရွှင်ပါစေ
    ခရောင်းလမ်း said...
    အင်း သာဓုပါဗျာ ခုလို တဂ်တော့လဲ ရေးရတော့ပေမပေါ့။
    :P
    မသက်ဇင် said...
    နွေးနွေးရေ
    "အတ္ဂေ့ချင်ဆုံး Blogger ညီအစ်ကိုမောင်နှမများ ထဲက ၁၀ ယောက်"
    ထဲမှာ ထည့်ရေးလို့ ကျေးဇူးတင်ပါတယ်
    အရင်က တက်ဂ်ထားတာတွေ ကို တောင်
    အကြွေးကျန်သေးတယ်
    မိုးခါးကိုပြောသလိုပဲနွေးနွေးလေးရေ
    သုတနဲ့ရသ အခန်းဆက်က မပြီးသေးလို့ နောက်မှ
    တက်ဂ်အကြောင်းရေးပေးမယ်နော်
    ချစ်ခင်စွာ
    လင်းကြယ်ဖြူ said...
    အခုလို တုန့်ပြန်မှုလေးကို ကျေးဇူးအထူးပါ။ညီမငယ် ဖတ်ရကျိုးနပ်ရအောင် နောက်နောင်ကို ဒီထက် မက ဗဟုသုတ ရစရာလို့ထင်တဲ့ အကြောင်းတ္ဂေဆက်ရေးပေးမယ်။
    ညီမရဲ့လက်ရာ ပုံရိပ်တ္ဂေကလည်း တအားထက်ပါတယ်။
    နောက်မှတ္ဂေ့မယ်နော်။ပျော်ပါစေ။
    ဖိုးဂျယ် said...
    ကိုရီးယားကားလို့ ဆက်ရန်ကို မျှော်နေပါတယ်
    Anonymous said...
    [B]NZBsRus.com[/B]
    No More Idle Downloads With NZB Files You Can Instantly Search Movies, PC Games, MP3s, Software & Download Them @ Rapid Speeds

    [URL=http://www.nzbsrus.com][B]Usenet[/B][/URL]

Post a Comment