‘အသက်မဲ့ခြင်း’










သွေးရောင်တလက်လက် အပြုံးတွေနဲ့ 
ငါ့ ကိုလာမပြုံးပြနဲ့ 
သုဿန် တစပြင်တခုလိုခြောက် ကပ်
ငါ့ရင်ခွင်အသက်မဲ့နေခဲ့တာ ကြာလှပြီ

နင်ဖွာတတ်တဲ့ စီးကရက်တလိပ်လောက်တောင်
တန်ဖိုးမရှိခဲ့တဲ့ ငါပါ
နင့်နှုတ်ခမ်းပါးက တရှိုက် ကိုတွယ်မက်မိလို့ 
ပင့်သက်တချက်မှာတင်
ငါ အသက်မဲ့ခဲ့ရတယ်…။

သက်ပြင်းချရမှာ မောလွန်းလို့ 
ငါ့ ရှိစုရှိမဲ့ မျှော်လင့်ချက်တွေ
ဟော့ဟို အမှိုက်ပုံ မှာ သွားပုံထားတယ်….(ကြာပြီ)…
ခဲထပ်မှန်မှာကြောက်လွန်းလို့ 
ငါ့ကို ဒီဗျူဟာ တွေ လာလာမသုံးပါနဲ့ …
ဟုတ်ပါ့ …ငါရှုံးပါတယ်….။

နင့်ရင်ခွင် အစွန်အဖျားမှာတောင်
နေရာ တနေရာ မရဘူးတဲ့ ငါပါ…
နင့်နှုတ်ခမ်းပါးမှာ တခမ်းတနား ခိုနားခွင့်ရဖူးတဲ့
စီးကရက်အစီခံတွေ ကိုပဲ
နှလုံးသားတခုစာ နေ့ စွဲတပ်
ငါ့အိပ်ခန်းနံရံ မှာစီတန်းသိမ်းဆည်းထားခဲ့တယ်…။

ဒါ…နောက်ဆုံး ကဗျာပါ…
နှလုံးသား ပျောက်ရှခဲ့တဲ့ငါ…
နင့်အတွက် တဘ၀စာ
သေဆုံးခဲ့ပါပြီ…….
ဒီကဗျာကိုဖတ်မိရင်…
အားပါးတရ လှောင်ပြုံး ပြုံးခဲ့ပါ…..
ဒါ တကယ် နောက်ဆုံးပါပဲ….။ ။

4 Comments:

  1. မသက်ဇင် said...
    ဒါ…နောက်ဆုံး ကဗျာပါ…
    နှလုံးသား ပျောက်ရှခဲ့တဲ့ငါ…
    နင့်အတွက် တဘ၀စာ
    သေဆုံးခဲ့ပါပြီ…….
    ဒီကဗျာကိုဖတ်မိရင်…
    အားပါးတရ လှောင်ပြုံး ပြုံးခဲ့ပါ…..
    ဒါ တကယ် နောက်ဆုံးပါပဲ….။ ။

    ဖတ်ပြီး ရင်ထဲမှာ နင့်နေတယ်
    ခံစားပြီးကျန်ခဲ့တယ် နွေးနွေးရယ်
    မိုးခါး said...
    တမျိုးကြီးပဲ
    ခံစားရတယ်း(
    ဂျပန်ကောင်လေး said...
    နွေးရေ... ကဗျာလက်စွမ်းကတော့ အတော်ကိုထက်တယ်နော်... ရေရေလည်လည်မိုက်တယ်ဗျာ... ဒါနောက်ဆုံးကဗျာပါ ဆိုတဲ့အတိုင်း နောက်ဆုံးတော့ မလုပ်လိုက်ပါနဲ့... ဆက်ရေးပါဦး...း)
    t.saay.kaung said...
    it's furious. good.

Post a Comment