အလွမ်း


















အိပ်မက်မှာပင် လွမ်းရိပ်ထင်လည်း
မြင်ယောင်အိပ်မက် အလွမ်းခက်၏

အလွမ်းအိပ်မက် မနွမ်းသမျှ
သခင့်ဘ၀ တမ်းတမ်းတတ

လွမ်းမိရတဲ့ ကျမ အချစ်
အပြစ်ဖြစ်လျှင် ရှိပါစေတော့

သခင့် ဘ၀ စိမ်းမြ နေလျှင်
ကျမ အလွမ်း မနွမ်း သမျှ

ကျမ ထာဝရ လွမ်းနေပါရစေ…။ ။

4 Comments:

  1. ဖြိုးဝေတိုး said...
    ရှင်းရှင်းလေးနဲ့ကောင်းတယ်ခင်ဗျ
    အဟေအဟေ ..ဘာတွေလွမ်းနေတာလဲဗျ
    ခင်တဲ့
    မသက်ဇင် said...
    သခင့် ဘ၀ စိမ်းမြ နေလျှင်
    ကျမ အလွမ်း မနွမ်း သမျှ

    ကျမ ထာဝရ လွမ်းနေပါရစေ…။ ။
    တဲ့ လား-နွေးနွေးရေ---
    ရွှင်လန်းချမ်းမြေ့ပါစေ---
    မိုးခါး said...
    နွေးရေ စီဗုံးပျောက်နေပါလား .. နွေးက လွမ်းစရာလိုသေးလို့လား :D
    Anonymous said...
    သခင့်ဘဝ စိမ်းမြနေလျှင်
    ကျမအလွမ်း မနွမ်းသမျှ
    ကျမထာဝရ လွမ်းနေပါရစေ။
    ဆိုတဲ့နေရာလေးကို အရမ်းသဘောကျတယ်ဗျာ။
    ဘဝနဲ့ ဆန္ဒတထပ်တည်းကျပါစေနော်။

Post a Comment