ညီမလေး...အတွက်...












ကောင်မလေးရယ်...

အဲဒါရဲရင့်ခြင်းမဟုတ်ဘူး

မာယာတွေခင်းထားတဲ့လမ်းမို့ 

သွားဖို့ မသင့်တာ.......

ကိုယ်ချင်းမစာတာမဟုတ်ဘူး

ချစ်ခြင်းရဲ့ နွံမှာခြေ တဖက်ကျွံမိရင်...

ရှေ့ဆက်မယ့်ပန်းတိုင်မရောက်ပဲ

နောက်ကျန်ရစ်ရမှာ

ညီမလေး ရဲ့ ....။



တိုတောင်းတဲ့အပျိုစင် ဘ၀မှာ

မှန်ကန်တဲ့လမ်းကိုရောက်ဖို့ 

ရင်ခုန်သံတွေ ခဏချန်ထားရင်း

ပညာမာန်နဲ့  ခရီးဆက်ကွယ်...။



ဟော....ဟိုရှေ့မှာ

ရွှေရောင်လင်းတဲ့ အနာဂတ်နဲ့ 

ပုံသွင်းထုဆစ်

ဖွင့်လှစ်ရမယ့်...ဘ၀ သစ်လေ.....။

1 Comment:

  1. ဖြိုးဝေတိုး said...
    တသိတွေလေနေတဲ့ ညီမလေးအတွက်
    အသိတရားတွေဝေစေဖို့ရေးထားတဲ့
    ကဗျာကောင်လေးတပုဒ်ကို
    ဖတ်သွားပါတယ်ခင်ဗျ
    ညီမလေးတယောက်ပျော်ရွှင်သော ဘဝကို
    ပိုင်ဆိုင်နိုင်ပါစေဗျာ။

    ခင်တဲ့

Post a Comment