‘ဝေဖန်ခြင်း’












ပြင်ဆင်မှု မရှိပဲ ဘယ်အရာမျိုးကိုမှ ရင်မဆိုင်နဲ့ 
ရှုံးနိမ့်မှု ၊ အောင်နိုင်မှု
နှစ်ခုစလုံးဟာ အရှိတရားပဲ……။
ပြောတာ ပြောပါ
စကား ပလ္လင် ခံဖို့ မလိုပါဘူး
ကိုယ်ချင်းစာ တတ်တဲ့ နှလုံးသားရှိဖို့ ပဲလိုတာ..
မင်းစကားမင်း တာဝန်ယူ နိုင်ဖို့ …။
မှန်တယ် ထင်ရင်လုပ်
မ မှန်ဘူးထင်ရင်ဆုတ်
ဒီမှာက
ကိုယ့်မြင်း ကိုယ်စိုင်းနေကျတဲ့ သူအချင်းချင်းပဲ
အတ္တ တွေကို
ဘယ်လိုပဲ ချွေးသိပ်သိပ်
မင်း အတိတ်ကတော့ ကျန်နေခဲ့မှာပဲ
မဆွေးခင် ကြိုတွေးပေါ့…..။
ကဗျာ တွေဆန်ချင်သေးပေမယ့်
ကဗျာတွေဆန်မနေတော့ဘူး
အချစ်ရူးဆိုတာက အေဒီ ၂၇၀ မှာ
ကျန်ခဲ့ပြီ…..။
ချစ်ရင်းနဲ့ ပဲကြောက်သွားတာလား…
ကြောက်ရင်းကပဲ ချစ်သွားတာလား…???
ဘယ်လိုပဲ ဖြစ်ဖြစ်
ဒီ ကမ္ဘာ့လေထု တွေ
မဖြူစင်ကြတော့ဘူး……။ ။

1 Comment:

  1. ♥ Acacia ♥ said...
    သိပ်ကောင်းတဲ့ကဗျာပဲ စကားလုံးတွေ အကုန်လုံးက အဓိပ္ပါယ်အရမ်းရှိတာပဲ "ပြောတာ ပြောပါ
    စကား ပလ္လင် ခံဖို့ မလိုပါဘူး
    ကိုယ်ချင်းစာ တတ်တဲ့ နှလုံးသားရှိဖို့ ပဲလိုတာ..
    မင်းစကားမင်း တာဝန်ယူ နိုင်ဖို့ …။" အပုဒ်ကတော့ အကြိုက်ဆုံးပဲ.

Post a Comment