နောင်တ မဲ့စွာ…












မင်းအပေါ် တရားခြင်း ထက် မတရားခြင်းတွေ
ငါ့မှာပို များကောင်း များလိမ့်မယ်…
ဒါပေမယ့်..
ငါမင်းအပေါ် ချစ်နေခဲ့ခြင်းတခုကတော့ တရားတယ်…။
လောကမှာ…သေချာခြင်းထက်
မသေချာခြင်း တွေသာပိုများတယ်…
ဒါပေမယ့်
မင်း ပခုံးဖျားပေါ် မေး တင်ထားမိချိန် တိုင်း
ငါ့ ဘယ်ဖက် ရင်ဘတ် ထဲ က
အသေချာဆုံး အသံထွက် တခု က
မင်းကို ချစ်တယ်…..။
နူးနူးညံ့ညံ့ ပြုံးတတ်တဲ့
မင်းမျက်ဝန်း ရိပ်မှာ…
ငါ့ အတွက် ရည်ဇူးထားတဲ့ ချစ်ခြင်း တွေကိုတွေ့ တယ်….။
ဘာလိုလိုနဲ့  ငါတို့ လက်တွဲ ရင်းလမ်းလျှောက်ခဲ့ကြတာ
ခရီးတော်တော်တောင်ပေါက် ခဲ့ပြီ……
ငါ့ရဲ့  ကောင်းမွေ..ဆိုးမွေ မှန်သမျှ အတွက်
ခွင့်လွှတ်ပြုံး တပွင့်နဲ့ 
ပခုံးထမ်း လျှောက်လှမ်း ခဲ့သူရေ…..
ဖြည်းဖြည်း ညင်သာ ငါ့ အနားတိုးလို့ 
ယုံကြညိမှုတွေနဲ့ အတူ
လက်နှစ်ဖက် ကိုမြဲ မြဲယှက်ထားလှည့်ပါ…..။
နားလည်တတ်တဲ့ အကြင်နာအပြုံးတွေနဲ့ 
ငါ့ခြေလှမ်းတွေ ကိုလဲ ရဲဝင့်စေပါဦး….
အတ္တတွေဖုံးနေပေမယ့်လည်း…
ဒီ စိတ်နှလုံးမှာ…
မင်းအတွက် အကောင်းဆုံး အချစ်တွေရှိတယ်….။
မချိ ပြုံး ပြုံးနေတတ်တဲ့ ဒီနှုတ်ခမ်းပါးမှာ
မင်း လိုအပ်တဲ့ အကြင်နာတွေ ရှိမယ်…။
ဆုံးဖြတ်ချက်မြန် ခဲ့တာ..ဟာ…
ဆုံးဖြတ်ချက် လွယ်ခဲ့တာ မဟုတ်ဘူး…။
ယုံကြည်ပေးပါ…
နေလို တစင်း..
လ လိုတစင်း…
မင်းငါ့ အတွက်လင်းနေသလိုမျိုး…
ဘ၀ တောင်စွယ်မှာ နေ မကွယ်ခင် အထိ
ငါ……….
ဒီ တရက်…ဒီတသက်…
ဒီမြတ်နိုးမှု အတွက်….
နောင်တ မဲ့စွာ………
ရှင်သန်သွားမယ်……..။ ။

2 Comments:

  1. လင်းထက် said...
    ငါ……….
    ဒီ တရက်…ဒီတသက်…
    ဒီမြတ်နိုးမှု အတွက်….
    နောင်တ မဲ့စွာ………
    ရှင်သန်သွားမယ်……..။ ။

    အချစ် ကို ပထမ အကြိမ် နဖူးတွေ့ဒူးတွေ့ တွေ့သူတွေ မှာ ဖြစ်တတ်တဲ့ ခံစား မှုလေး ပါပဲ..

    ဒါနဲ့ ဘေးက ဓါတ်ပုံက ပိုစ့်ပေါ်အုပ်နေတယ် အကုန် ဖတ်လို့ မရဘူး နော် ပုံကို ချုံ့လိုက်ပါအုံး..။
    Anonymous said...
    ကောင်းလိုက်တဲ့ ကဗျာလေး စပ်ထားတာ လှလဲလှတယ် ညီမလေး

Post a Comment