"ေ၀၀ါးနေမှုများ....."










မြတ်နိုးစွာ တွယ်တာမှုတခု...
ရင်ခွင်ဆီ ၀င်မလာခင်တုန်းက
ကျွန်မ အချစ်ကို အယုံအကြည် ကင်းမဲ့ခဲ့တယ်...
ခဏလေးပါပဲ...
စတွေ့ တဲ့ခဏ...လက်ဖျားခြင်းအခတ်မှာ
ကျွန်မ နှလုံးသားတစုံ...ညွှတ်ဆင်းသွားခဲ့
ချစ်သူ့ ခြေအစုံ ထက်ကိုပေါ့...
အဲဒီ...မျက်စိတမှိတ်အတွင်းမှာပဲ
တယောက်ရဲ့ ယုံကြည်မှုဟာ...
တယောက်ရဲ့ ရင်ခွင်ထဲကို...
လင်းပစွာစီးကူးသွားတဲ့ အကြောင်း
သူ လဲသိကောင်းရဲ့ ...
မြင်သာပါတယ် ချစ်သူ
ဒဏ်ရာတွေ အပြည့်နဲ့ ...ကျွန်မရဲ့ ညိုမှိုင်းမှိုင်း မျက်ဝန်းတွေ
တောက်ပ စွာလင်းလက်နေခဲ့ဖူးတာ...
အဲဒါ ချစ်သူဘေးနားက ခဏတွေမှာပေါ့
တလ ဆိုတဲ့အချိန်ကာလ တခု
ကျွန်မ တို့ နှစ်ယောက်ကြား...
ရက်စက်စွာ...၀ါးမြိုသွားခဲ့တယ်...
ကဲ...ဝေ ၀ါးသွားပြီ...
မျက်ရည်ရယ်...
မိုးစက်တွေရယ်...
ဆုံနိုင်ခွင့်ရယ်...
နောက်ဆုံး....
.........................
ချစ်သူ ထားခဲ့တဲ့ ကျွန်မ ဘ၀လေးရယ်လေ...။ ။

7 Comments:

  1. Anonymous said...
    စတွေ့ တဲ့ခဏ...လက်ဖျားခြင်းအခတ်မှာ နှလုံးသားတစုံ...ညွှတ်ဆင်းသွားခဲ့
    ချစ်သူ့ ခြေအစုံ ထက်ကိုပေါ့..
    ဒဏ်ရာတွေ အပြည့်နဲ့ ...ကျွန်မရဲ့ ညိုမှိုင်းမှိုင်း မျက်ဝန်းတွေ
    တောက်ပ စွာလင်းလက်နေခဲ့ဖူးတာ...
    အဲဒါ ချစ်သူဘေးနားက ခဏတွေမှာပေါ့.............
    သိပ်ကောင်းတဲ့ ကဗျာလေးပါပဲ ညီမလေးရေ ..........
    ပျံသန်းခြင်းရပ်ဝန်း said...
    ကဗျာကောင်းလေးတစ်ပုဒ်ကို
    ရင်ဘတ်အတွင်းပိုင်းထဲကနေခံစားသွားပါတယ်...
    lovelessguiter said...
ေ၀၀ါးမှုတွေကို လာရောက်ခံစားသွားတယ်ဗျ...
    မသက်ဇင် said...
    နွေးနွေးသဲမွန်ရေ---
    ကဗျာလေးလာဖတ်တယ်---
    ကောင်းတယ်---
    နောက်ထပ်လာလည်ဖို့
    လင့်ယူထားပါတယ်--
    ပျော်ရွှင်အဆင်ပြေပါစေ---
    molay88 said...
    အလွမ်းဓါတ်ခံရှိတယ်နဲ့တူတယ်နော်..။ကဗျာတွေ ကအရမ်းကိုထိပါတယ်...။ခံစားချက်အပြည့်နဲ့ပေါ့။
    တုတ်ကြီး said...
    လက်ဖျားချင်းအခတ်..နေရာလေးက
    ထိတယ်..မိတယ်..
    မှတ်ထားလိုက်တယ်...
    ဖြိုးဝေတိုး said...
    စတွေ့ တဲ့ခဏ...လက်ဖျားခြင်းအခတ်မှာ
    ကျွန်မ နှလုံးသားတစုံ...ညွှတ်ဆင်းသွားခဲ့
    ချစ်သူ့ ခြေအစုံ ထက်ကိုပေါ့...

    လှလိုက်တဲ့စာသားလေဗျာ
    နှလုံးသားနဲ့ရေးထားတာဖြစ်ရမယ်

Post a Comment