ညတည ရဲ့  ပေးဆပ်ခြင်း.....















ဟိုး....အမြင့်ကောင်းကင်ဆီက

ကြယ်ပွင့်လေးတွေ

အစွမ်းကုန် လင်းလက်တောက်ပလို့ 

ည ကလှလိုက်တာ....

ဒါပေမယ့်...............

အဓိကကျတဲ့ ကို' က ဘယ်ဆီမှာလဲကွယ်...

မျက်လုံးတွေ ဇွတ်အတင်းမှိတ်

နားစည်တွေ ပိတ်ထားလဲ...

ကျွန်မ စိတ်လိပ်ပြာ ပျံဝဲ..

ညဥ့်နက်ထဲက...

ကို့ ' ရဲ့ ပခုံးစွန်းထက်မှာ

တိတ်တဆိတ် ခိုနားရင်းနဲ့ 

သွယ်ပြောင်းတဲ့...ကို့ ' လက်ချောင်းတွေဆီက

စီးမြောလာတဲ့ တေးသံတွေဟာ...

ကြေကွဲမှု အတိပြီးတဲ့

အလွမ်း သံစဉ်တဲ့ လား ?

အို........

ကျွန်မ မငိုပါဘူး

ကို့ ' ရဲ့ ပုံရိပ်အငွေ့ အသက်တွေကို

လွမ်းဆွတ်တတ်တဲ့ ကျွန်မ ရင်ထဲမှာ

တမ်းတလိုက်တိုင်း...ကို အမြဲ ရှိနေတယ်..

အကြွင်းမဲ့ ယုံကြည်လိုက်ပါ....

ကို့ ရဲ့  အလိုအတိုင်းပေါ့....

ကျွန်မ ဟာ ကို့ ဘ၀အတွက်...

ပန်းပဲဖြစ်ဖြစ်....

ငြမ်းပဲဖြစ်ဖြစ်...

ကျွန်မ ဘ၀ရဲ့  အလေးနက်ဆုံးချစ်ခြင်းတွေ...အတွက်

ကို ကျေနပ်တဲ့အထိ

ကျွန်မ...ပေးဆပ်သွားမှာပါ.......။

6 Comments:

  1. တုတ်ကြီး said...
    ချစ်ခံရတဲ့ချစ်သူက ကံကောင်းတယ်ဗျာ
    အားကျတယ်..ဆေးနည်းတော့ရှိရမယ်..
    ကောင်းလေစွ...
    My Diary said...
    အတ္တပုံရိပ်က နာမည်နဲ့ မလိုက်အောင်
    ပေးဆပ်မယ်ဆိုတော့
    ရာဇ၀င်မှာ စာတင်မယ့်
    ရာဇ၀င်တွင်မဲ့အချစ်မျိုးပေါ့နော်
    (ဆုန်သင်းပါ)မဟုတ်ပါ
    poemflower said...
    ကဗျာလေးကခံစားမှုနဲ့ဖတ်လို့ကောင်းပါတယ်.
    လင်းထက် said...
    ပေးဆပ်ချင်းဟာ အချစ်စစ် လို့ လဲ ပြောကြတယ် လေ ဒီလို အချစ်စစ် နဲ့ချစ်ခံ ရတဲ့ သူဟာ နားလည်ဖို့ ကောင်းတယ် သူတန်ဖိုး မထားတတ် ရင်တော့ သူ့အတွက် ဆုံးရှုံးမှု ကြီး တစ်ခု ဆိုတာ နောင်တစ်ချိန် ကျမှ နောင်တ ရနေမှာပဲ..။
    Anonymous said...
    ကျွန်မ ဟာ ကို့ ဘ၀အတွက်...
    ပန်းပဲဖြစ်ဖြစ်....
    ငြမ်းပဲဖြစ်ဖြစ်...
    ကျွန်မ ဘ၀ရဲ့  အလေးနက်ဆုံးချစ်ခြင်းတွေ...
    အတွက် ကို ကျေနပ်တဲ့အထိ
    ကျွန်မ...ပေးဆပ်သွားမှာပါ.......။

    ကောင်းလိုက်တဲ့စာသားကြိုက်လွန်းတယ် ကဗျာလေးကို အကိုတောင် ညီမလေးလောက်မရေးတတ်ဘူးကဗျာကို........
    အရုပ်ကလေး said...
    မျက်လုံးတွေ ဇွတ်အတင်းမှိတ်
    နားစည်တွေ ပိတ်ထားလဲ...
    ကျွန်မ စိတ်လိပ်ပြာ ပျံဝဲ..

    ဆိုတဲ့ အပိုဒ်လေးကို ကြိုက်တယ် ..
    ကဗျာတွေ ဖတ်သွားတယ် ..။
    ကဗျာရေးသူရဲ့ ရင်ဘတ်ထဲက ခံစားချက်ကို
    ပေါ်လွင်စေသလို ကိုယ်ချစ်တဲ့သူကို ချစ်တဲ့ဝေါဟာရလေးတွေနဲ့ ဖွဲ့နွဲ့ထားတာလေး ကောင်းတယ် ..။။

Post a Comment