လွမ်းဘွဲ့ 









မင်း ချစ်သူရှိနှင့် သွားတဲ့အခါ…
မင်းအပေါ် တွယ်ဖက်ခဲ့ ငါ့နှလုံးသားဟာ…
မင်းကို ကြေကွဲစွာ စွန့် လွှတ်ရခြင်းများစွာနှင့်အတူ…
ထာဝရ တည်ရှိနေမှာပါ…….။ ။

မင်း ခြေသံ နဲ့ ကင်းဝေး ရာ…
လူတွေကြား…
ညှင်းသွဲ့ စွာ ဖြတ်သန်းမိတဲ့ အခါ…
အိပ်မက်မှာ….
လေးလံ တဲ့ ရင်ခုန်သံမြုပ်နှံ မိတဲ့အခါ…
နာရီတိုင်း မမေ့မလျှော့ …
နွေးထွေးစွာ…တွေးမြင်နေ မိတာကတော့…
ငါဟာ…မင်းရဲ့ ချစ်သူ မဖြစ်နိုင်တဲ့ အကြောင်းနဲ့ 
ငါဟာ…မင်းကို ချစ်ခဲ့ဖူးသူ တယောက် ဆိုတာပါပဲ ကွယ်…..။

3 Comments:

  1. Demon(ဖိုးသား) said...
    နွေးက ငယ်ငယ်ကတည်းက မခေပါလားဟင်
    ခုများဆို ဘယ်လောက်တောင်များ
    အင်း......
    ဘာမှမဟုတ်ဘူးနော် ...ဟိ... စတာ...
    Anonymous said...
    ကဗျာ ကောင်းလေးတစ်ပုဒ်ပါ

    တိုက်ဆိုင်မှုလေးဖြစ်သွားပါတယ်

    အားပေးလျက်နော်
    molay88 said...
    ရည်းစားဟောင်းအကြောင်းလို့ထင်တယ်..။တိုက်ဆိုင်သွားလို့ ခဏ ခဏ ဖတ်မိသွားတယ်..။

Post a Comment