မြွေတကောင်၏ ချစ်ခြင်း










ဖြစ်နိုင်ရင် …
နင်နဲ့ ပတ်သတ်ခဲ့ဖူးတဲ့
ငါ့ကိုယ်ငါတောင်
တစစီ ဆွဲဆုတ် ပစ်လိုက်ချင်တယ်…။

အသိတရားက
ခေါင်းထဲဝင်လာတဲ့အခါ…
နောင်တ တရားတွေ ပျို့ ပျို့ ပြီးအန်တယ်…။

နားနားနေနေ နေပါတော့လို့ ပြောခဲ့ရင်း
ငါကတော့ ငါ့အဆိပ်တွေပဲငါ
ပြန်မျိုချ မိတယ်…..။

ငါ လေ့လာခဲ့ဖူးတဲ့
နင့်ရင်ဘတ်ထဲက နှလုံးသား အကြောင်းလည်း
ငါထပ်ပြီး မသိချင်တော့ဘူး…။

တခုပဲ…တခုပဲ
ငါ့ကိုယ်ငါ သတ်ပစ်ချင်လောက်အောင် အထိ
ငါ့စိတ်ဓါတ်တွေ မြောင်းထဲ မရောက်ခင်…
ကျေးဇူးပြု ပြီး
ငါ့ မျက်စိရှေ့ ထပ်ထပ် မလာပါနဲ့ တော့….။ ။

3 Comments:

  1. မိုးခါး said...
    မိုက်တယ်နွေးရေ .. ကြိုက်တယ်း)
    Demon(ဖိုးသား) said...
    အသိတရားက
    ခေါင်းထဲဝင်လာတဲ့အခါ…
    နောင်တ တရားတွေ ပျို့ ပျို့ ပြီးအန်တယ်…။

    လေးစားပါတယ် နွေး
    တုတ်ကြီး said...
    ကဗျာတစ်ပုဒ်ဆီက.. တစ်ယောက်ဆီတိုင်းကိုရေးထားတဲ့အတိုင်းပဲနော်..
    အငှားခံစားထားတာလား..
    ဒါမှမဟုတ်ရင်တော့ အတော်စန်းပွင့်တယ်ထင်တယ်..
    အားကျတယ်ဗျို့..တုတ်ကြီးဆီလည်း
    လာဦးလေ..
    ဆင်တူလေးတွေရေးထားတယ်...

Post a Comment