ပျောက်ဆုံးခြင်း










မိုးတွေသဲသဲ မဲမဲ ရွာနေပြီဆို…
ငါ့ ကိုလိုက်မရှာပါနဲ့ တော့
ဒီလို တကိုယ်တည်းရေရွတ်မိခြင်းမှာတင်
ငါ့ကိုယ်ငါ ပြန်ရှက်မိရဲ့ …
ခံပြင်းမှု မျက်ရည်များစွာ…ဒီမိုးတွေလိုကြွေကြွေကျဆဲ….

ငါဟာ ဒီနေရာ လိုပဲ
မင်းအတွက် အမိုးအကာမဲ့ တလင်းပြင်
အေးစက်ခိုက်တုန်ခြင်းများဟာ…
ဟောဒီက မိုးစက်တွေနှင့်အတူ
ခေတ္တ ခဏ အလည်လာရဲ့ …

ရွာချင်ရွာပါ…မခြိမ်းပါနဲ့ 
ကြောက်လန့် ခြင်းဆိုတာ ငါ့အတွက်ခင်းထားတဲ့လမ်းမဟုတ်တော့
ငါလဲ မသွားချင်ဘူး....

ဆောင်းလေခင်းထားမယ့်ညနေ ခင်းလေးတခုဆီက
မင်းအပြုံးလေးကို လှမ်းတွေးမိတော့
ငါလဲ မချိပြုံးလေး ပြုံးဖြစ်တယ်

သိပ်နာကျင် သွားပါသလား

တို့ နှစ်ယောက်အတူ ရှိခဲ့ဘူးတဲ့ ညနေအားလုံးပဲ တရားပါရဲ့ 
ငါမင်း ကိုချစ်ခဲ့ မိခြင်းတခုပဲ မတရားဘူး

သြော်…မထင်မှတ်ပါပဲလဲ
စကားလုံး တစုဟာ တည်ဆောက်ခဲ့သမျှအားလုံးကို
အဆုံးသတ် စေနိုင်တယ်…

နေပါ..
အိပ်မက်ထဲမှာတော့ မဝေးသေးဘူး
အဲ့ဒီ ပခုံးဖျားလေးမှာပဲ အရင်လိုပျော်ပါး
အလွတ်ရနေတဲ့ အသက်ရှူသံလေးတောင်
ငါကြားလိုက်မိသေးရဲ့ ….

…………………………………….
မိုးတွေသဲသဲ မဲမဲ ရွာနေပြီဆို…
ငါ့ ကိုလိုက်မရှာပါနဲ့ တော့
ဒီလို တကိုယ်တည်းရေရွတ်မိခြင်းမှာတင်
ငါ့ကိုယ်ငါ ပြန်ရှက်မိရဲ့ …
နာကျဉ်းမှု မျက်ရည်များစွာ…ဒီမိုးတွေလိုကြွေကြွေကျခဲ့….
………………………………………………………………….။ ။

6 Comments:

  1. မသက်ဇင် said...
    မိုးတွေသဲသဲ မဲမဲ ရွာနေပြီဆို…
    ငါ့ ကိုလိုက်မရှာပါနဲ့ တော့
    ဒီလို တကိုယ်တည်းရေရွတ်မိခြင်းမှာတင်
    ငါ့ကိုယ်ငါ ပြန်ရှက်မိရဲ့ …
    နာကျဉ်းမှု မျက်ရည်များစွာ…ဒီမိုးတွေလိုကြွေကြွေကျခဲ့….

    --တဲ့လား--
    လွမ်းသွားပါတယ်--
    Mr.Sail♥rM♥♥n said...
    ....
    ...
    ..
    .
    လူတကိုယ် အတွေးတမျိုး ဆိုတော့ ..
    " ရွာချင်ရွာပါ…မခြိမ်းပါနဲ့ 
    ကြောက်လန့် ခြင်းဆိုတာ ငါ့အတွက်ခင်းထားတဲ့လမ်းမဟုတ်တော့
    ငါလဲ မသွားချင်ဘူး....
    "
    ... အဲဒီနေရာ ဟတ်ဒ် ထိမိတယ်ပေါ့ ..
    ...
    နောက်ထပ်...
    " သြော်…မထင်မှတ်ပါပဲလဲ
    စကားလုံး တစုဟာ တည်ဆောက်ခဲ့သမျှအားလုံးကို
    အဆုံးသတ် စေနိုင်တယ်…
    "
    ...
    ...
    " အဲ့ဒီ ပခုံးဖျားလေးမှာပဲ အရင်လိုပျော်ပါး
    အလွတ်ရနေတဲ့ အသက်ရှူသံလေးတောင်
    ငါကြားလိုက်မိသေးရဲ့ ….
    "
    ...
    .... အတွေးထဲမယ် ကိုယ့်ဟာကိုယ် ဘာတွေမြင်ယောင်သွားမိတယ် မသိ.. လွမ်းမိသလိုလို .. အင်း... ဖတ်မိသူ စာဖတ်သူဆိုတာကလဲ ..ရေးသူနောက် အတွေးလိုက်ရတာပဲကိုး ..
    ရေးတတ်တဲ့ ညီမ.. ဆက်ရေး ..
    Welcome said...
    ကဗျာလေးဖတ်သွားတယ်။ သံစဉ်ထည့်လိုက်ရင် အလွမ်းသီချင်းတစ်ပုဒ်တော့ ဖြစ်လာမယ်။

    ပျော်ရွှင်ပါစေ
    mgnge said...
    အယ်
    လွမ်းနေတာလား ဂွမ်း နေတာလား

    ပျော် ပါစေဟာ...။
    ရဲဝင့်သူ said...
    အချစ်ကပေးတဲ့ခံစားချက်တွေစုပြုံထားတဲ့ကဗျာကောင်းလေးခံစားသွားပါတယ်။
    လင်းကြယ်ဖြူ said...
ွGood တယ် ဆက်ဆ္ဂဲ မမလေးရေ
    ပျော်ပါစေ

Post a Comment