အပြောင်းအလဲ









ရာသီတွေသာ တစတစ ပြောင်းလာတယ်…
ငါကတော့ ဒီအတိုင်းပါပဲ……
မရေရာတဲ့ အိပ်မက်တွေ ပိုမက်တတ်လာတာက လွဲလို့ …..။

နင်ပေးလာမယ့် အပြုံးတပွင့်ကို မော်မဖူးတော့ဖို့ 
ငါ့ကိုယ်ငါ ဒဏ်ခတ် ထားခဲ့တယ်…ဒါပေမယ့်
ငါကတော့ ဒီအတိုင်းပါပဲ……

ပစ္စုပန်ကို အလေးအနက်ထားတတ်ဖို့ 
အတိတ်တွေကို လက်ယပ်မခေါ်နဲ့ 
ငါကတော့ ဒီအတိုင်းပါပဲ……

လူတွေက ရာဇ၀င်ထဲမှာ နေခဲ့ရင်
သူရဲ ကောင်းဖြစ်မယ်ထင်နေကြတယ်
ဒါဟာ ပုံသေနည်းတစ်ခုမှမဟုတ်ပဲ….
နေချင်နေခဲ့ပါ..ရတယ်…
ငါကတော့ အရင် အတိုင်းပါပဲ……

အကျိုးရှိလို့ အကြောင်းတွေဖြစ်လာတယ်ဆိုတာ…
တရားသဘောတွေလား၊ လက်တုံ့ နှင်းမှုတွေလား…ကွယ်..
ငါကတော့ ဒီအတိုင်းပါပဲ……

ငါက နေကြာတပွင့် လို
နေရောင်မျှော်ရင်း ပွင့်ရမယ့်ပန်းလား…
ဝေးပါသေးရဲ့ အချစ်ရယ်…
ငါကတော့ ဒီအတိုင်းပါပဲ….

နူပျိုမှုဟာ တချိန်ချိန်မှာ
ငါနဲ့ ဝေးရာပြေးထွက်သွားလိမ့်ဦးမယ်
ဒါတွေ မလိုပါ အချစ်ရယ်…
ငါကတော့ အရင်အတိုင်းပါပဲ…

ငါ့ အပြုံးတွေ ၊ ငါ့စိတ်နှလုံးတွေ….
ဒီအတိုင်းပါပဲ….

အချစ်ဆိုတာ ရာသီဥတုနဲ့ ပွင့်တဲ့ပန်းမှ
မဟုတ်ပါပဲ အချစ်ရယ်…
ဒီမိုးနည်း ရပ်ဝန်းမှာပဲ ငါပွင့်ပါ့မယ်…
ငါကတော့ ဒီအတိုင်းပါပဲ……

နာနာကျဉ်းကျဉ်း ဇာတ်ကွက်တွေကို
ကိုယ်တိုင်တည်းဖြတ်ရင်း….
ဒီဇာတ်လမ်း ထဲမှာပဲ…မဆုံးတမ်း
ငါ ခရီးဆက်နေမယ်…
ဒါပေမယ့်…
ငါကတော့ ဒီအတိုင်းပါပဲ အချစ်ရယ်….။ ။

7 Comments:

  1. Htoo Aung Lwin said...
    ကဗျာလေးတွေကို အရမ်းချစ်တတ်တယ်နော်
    မိုးခါး said...
    အင်း .. ဒီအတိုင်းပဲ ..........
    ရဲဝင့်သူ said...
    ရာသီတွေသာ တစတစ ပြောင်းလာတယ်…
    ငါကတော့ ဒီအတိုင်းပါပဲ……
    မရေရာတဲ့ အိပ်မက်တွေ ပိုမက်တတ်လာတာက လွဲလို့ …..။

    ကောင်းလိုက်တဲ့စာသား။ကျနော်လဲအဲ့ဒါပဲပြောချင်နေတာ။
    အားပေးပါတယ်ဗျာ။
    လေးစားစွာဖြင့်
    ရဲဝင့်သူ
    အဇ္ဈတ္တပြခန်း said...
    ဥပေက္ခာ တရားနဲ့ ရေးထားတဲ့ ကဗျာလေးကို သေချာ ခံစားသွားပါတယ်
    Welcome said...
    ချစ်စရာကောင်းတဲ့ ကဗျာလှလှလေး ဖတ်သွားတယ် ..

    ဆင်ဆင်ပြေ ပျော်ရွှင်ပါစေ
    မသက်ဇင် said...
    နာနာကျဉ်းကျဉ်း ဇာတ်ကွက်တွေကို
    ကိုယ်တိုင်တည်းဖြတ်ရင်း….
    ဒီဇာတ်လမ်း ထဲမှာပဲ…မဆုံးတမ်း
    ငါ ခရီးဆက်နေမယ်…
    ဒါပေမယ့်…
    ငါကတော့ ဒီအတိုင်းပါပဲ အချစ်ရယ်….။ ။

    ဒီအတိုင်းပဲ--
    --တဲ့ လားကွယ်---
    Anonymous said...
    ကဗျာကောင်းကောင်းလေး ခံစားသွားတယ်နော်။

Post a Comment