မစ္ဆရိယ



















ရှင်ဟာ…
ခဲတံ နဲ့ ရေးလို့ မရနိုင်တဲ့ စာတပုဒ်ဖြစ်တယ်…
အငို လွယ်၍ အရှိုက်ခက်
သဲသဲမဲမဲ ယုယခဲ့ရသော စကားထာ…
ဘာသာ မပြန်နိုင်သရွှေ့ တော့လည်း
ငါဘာသာပဲအမှားခံ..လူတကာနှုတ်ဖျား
ချ ,အမှားမခံနိုင်သေးဘူး…။ ။
ပေးဆပ်ခြင်း ရယူခြင်းဟာ…ညီမျှခြင်းတခု မဟုတ်ပါဘူး…
ဒါပေမယ့်
နှိုင်းတဲ့ ချိန်ခွင်မတူညီနေသမျှတော့…
ကျမ တို့ ချင်းမမြင်နိုင်ခဲ့ကြတာ မှမဆန်းပဲ
အချိန်တွေသိပ်မရှိဘူး…
ကျမ ပိုင်ဆိုင်ထားတဲ့တခုတည်းသော ဘ၀ မှာ
ကျမ လိုချင်တဲ့အရာ တွေအတွက်
သတိ နဲ့ ယှဉ်ပြီး အရယူဖို့ …
ကျမ မလိုချင်ပဲ ရရှိလာတဲ့ ရရှိလာမယ့် အရာတချို့ အတွက်..
သက်တောင့်သက်သာ လက်ခံနိုင်စွမ်းရှိဖို့ 
ကျမ ရဲ့ မဖြစ်ညစ်ကျယ် စိတ်အင်အားတွေ
ကြိုးစားပမ်းစား..မွေးဖွားနေတုန်းပဲ…။ ။
ကျမ တို့  “မဝေးကြစို့  “ ရဲ့ …
ရှင့် ရဲ့ တကယ်ကောင်းဆန်တဲ့ စိတ်နှလုံးတွေ…
ကျမ တို့ နှစ်ယောက်ကြား
ခဏ ခဏ ထုတ်ထုတ် မသုံးနဲ့ …
ဘ၀ မှာ အဲ့ဒီ အရေးမပါ တဲ့အစိတ် အပိုင်းတွေအတွက်
ကျမ ကိုယ်ကျမ ခန ဖြစ်ဖြစ် ဖျောက်ထားချင်မိတယ်…။ ။

2 Comments:

  1. မသက်ဇင် said...
    ပေးဆပ်ခြင်း ရယူခြင်းဟာ…ညီမျှခြင်းတခု မဟုတ်ပါဘူး…

    "မစ္ဆရိယ"

    တွေးတတ်ရေးတတ်လိုက်တာ--
    ကောင်းလိုက်တာ---
    ရဲဝင့်သူ said...
    မိုက်တယ်...ဒီလိုပုံစံကမိုက်တယ်...မိုက်တယ်မိုက်တယ်မိုက်တယ်။
    အားပေးနေပါတယ်ဗျာ။

    လေးစားစွာဖြင့်
    ရဲဝင့်သူ

Post a Comment