ဝေးလွင့် ခဲ့ပြီ…
အဲ့ဒီ ရင်ခွင်တစုံ ဆီက….
ဒဏ်ရာမဲ့ အနမ်းတချို့ ကို ငတ်မွတ်နေမိသေးတာ
ငါ့အမှားတဲ့လား….
ဒီလို ညနေ …
ဒီလို ညနေ တွေ…
ဒီလောက် အကျည်းတန်လာတတ်မယ်ဆိုတာ…
မယုံကြည်ရဲလောက်အောင်ကိုပဲ
ကို ‘ရေ….
မင်းရှိမယ့် အရပ်ကိုမျှော်ငေး…
အဲ့ဒီ ညနေခင်းလေး အတွက်
တိတ်တိတ် လေးပဲ….ငါ ပေးဆပ် ပါရစေ….
ဒဏ်ရာ အပြည့်နဲ့ 
ခပ်ရင့်ရင့် နှင်းဆီတပွင့်ကို
ဒီ ကွယ်ပျောက်လု နေရောင်တွေ နဲ့ အတူ
ခြွေ ချ ခဲ့မယ်….
ဒီတောင်ကုန်းလေး ထက်မှာ
ငါ နဲ့ အလွမ်းတွေ ထားခဲ့မယ်…
ငါ လာခဲ့မယ်.. ကို’….
ဘယ်လောက်အမှောင် နက်နက်ထဲ ဖြစ်ဖြစ်
ငါ လာခဲ့ပါ့ မယ်….
မတားနဲ့ ….မတားလိုက် နဲ့ 
ငါ ဟာ မင်းရဲ့ တသွေးတည်း တသားတည်း
ငါ တို့ ရဲ့ အချစ်တွေ လဲ…
ဒီညနေခင်း တိမ်တွေလို…လှလှ ပပ
စီးမျော နေကြ ဆဲ…
ဒီလိုဆို ငါတို့ မဝေးကြတော့ဘူး……တဲ့
ငါတို့ ရဲ့ အိပ်မက်တွေလဲ…
ခဏ..ခဏ ကျကျ မပျောက်တတ်တော့ဘူး ကွယ့် ..နော်
ချစ်သူရေ…ချစ်သူ လို့ 
တိုးတိုး လေးရေရွတ် ရင်း
အရင်လို လှလှပပ ညနေခင်းလေးတွေ
ငါ ထပ် ထပ် အသက်သွင်းနေဦးမယ်
ငါလာခဲ့ပြီ ကို’…
နေပါဦး အဲ့ဒီလို ကျောခိုင်းခိုင်းပြီး
အဝေးဆုံးကို လွင့်လွင့် မသွားနဲ့ 
ငါ…ငါ…သိပ် မောပန်းနေပြီ..
အရင်လို သံသယ ပြင်းပြင်းတွေနဲ့ 
ငါ…မင်းရင်ခွင် ကို
ချေ ချေ မနင်းတော့ပါဘူး….
ငါ ….ငါလေ…
ပူလောင်ခြင်း ကင်းမဲ့..အရင်လိုညနေ ချစ်ခြင်းမျိုးလေးတွေနဲ့ 
ဆက်ချစ်ပါ့မယ်….
လက်ရှိဘ၀ ထဲ …အခုလို …
မိုးစုန်းစုန်း ချုပ်နေတာတွေ ….ကို
ကြောက် လွန်း…လို့ ….
……………………………………။
မြင်နေရတယ်ဗျာအချစ်ဒါဏ်တွေ။