နေသားတကျ အလွမ်း....



တိုးတိုးတိတ်တိတ် အလွမ်းဟာ....
ဒီရင်ခွင်အနှံ့ အပြားမှာ နေသားတကျ...
ငါတို့ အပိုင်းပိုင်း အစစ လွင့်စင်ကြိုးပြတ်ခဲ့တာတောင်မှ လေ...

အသိသက်သေ မလိုဘူး..
တရားဝင်ပြဌာန်း ချက်တွေ မလိုဘူး...
ငါတို့ တယောက်ကိုတယောက် ...
အပြီးအပိုင်...ဆုံးရှုံးလိုက်ကြတယ်...


လေလံတင်စရာမလိုဘူး...
သိက္ခာဆင်စရာ မလိုဘူး...
ငါတို့ ချင်းဒီလောက်...
သန့် သန့် ရှင်းရှင်း ချစ်ခဲ့ဖူးတယ်ဆိုတာ...


ဒီရာသီမှာ လတ်တလောပွင့်တဲ့ပန်းတွေ...
ခဏကလေးနဲ့ နွမ်းတယ်...
နင့်ချစ်ခြင်းရာသီတွေ အကြောင်း..
ငါ့ဆီကြေငြာမောင်းမခတ်ပါနဲ့ ....
နင်ကြည်ဖြူမယ်ဆို...
ဘယ်လို "ရင်ခတ်ပန်း"ကိုမှ...
ဒီရင်ခွင်ကို ဖြတ်လှမ်းဖို့ ..ငါမငြင်းရက်ခဲ့ဘူး....

မလာပါနဲ့ လို့ ငါတားတတ်ခဲ့တာ...
နင်ပြန်သွားမှာ ရင်မဆိုင်ရဲလို့ ပါ...
နင်မရှိပေမယ့် ငါသိပါတယ်...
နင်မတားပေမယ့်...ငါကြားချင်ခဲ့...
နင့်ရဲ့ အဲ့ဒီ အရိပ်၊အငွေ့ ၊ အစွန်အဖျားလေးနဲ့ တင်...
ငါဟာ အရာအားလုံးကို ကျေနပ်တတ်ခဲ့တာ....

"ငါနင့်ကို မချစ်ဘူး...."
ဒါဟာ နောက်ဆုံးပေးခဲ့ဖူးတဲ့လက်ဆောင်ပဲ ဖြစ်မယ်...
နင့်စိတ်ချမ်းသာမှု အတွက်ဆို...
ငါနင့်ကိုမချစ်ဘူး............
ငါ
နင့်
ကို

ချစ်......ပါဘူး....

တယောက်မျက်ဝန်းအကြည့်တွေထဲ တခါကျပျောက်...
မျက်ရည်တွေနဲ့ လွမ်းခွင့် မရှိတော့အောင်...
ငါတို့ အဝေးဆုံးဝေးကွာကြပြီးတဲ့နောက်...
ရင်ခွင်ကို အမှောင်တိုက်သွင်းမယ့်...
အဲ့ဒီ...
ချစ်သူ့ အလင်းကျိန်စာတွေရဲ့ အောက်မှာ..... ။ ။

3 Comments:

  1. zue said...
    နွေး..ညီမလေးရေ... စာသားလေးတအားကောင်းတယ်...

    "တိုးတိုးတိတ်တိတ် အလွမ်းဟာ....
    ဒီရင်ခွင်အနှံ့ အပြားမှာ နေသားတကျ...
    ငါတို့ အပိုင်းပိုင်း အစစ လွင့်စင်ကြိုးပြတ်ခဲ့တာတောင်မှ လေ... "
    လင်းခေတ်ဒီနို said...
    အသိသက်သေ မလိုဘူး..
    တရားဝင်ပြဌာန်း ချက်တွေ မလိုဘူး...
    ငါတို့ တယောက်ကိုတယောက် ...
    အပြီးအပိုင်...ဆုံးရှုံးလိုက်ကြတယ်...

    ညလေး အကိုသိပ်ကြိုက်လွန်းလို့ ဆိုဒ်ဘားတင်ဖို့ ကူးသွားတယ် ညီမလေးး(
    မိုးခါး said...
    အဟုတ်ပဲ
    ကဗျာက တကယ်လွမ်းဖို့ ကောင်းတယ် နွေးရေ ....

Post a Comment