“လိုအပ်ရင်”

ကိုယ်ယုံကြည်ချက်နဲ့ ကိုယ်မို့  လိုအပ်ရင်လဲ ချောက်ထဲ ဆင်းလိုက်ရုံ
ဆယ်ဘ၀ ဆယ်ကမ္ဘာ… ဒီအငြိုးတွေ နဲ့ သာ ညင်သာတိုးတိတ်…
တိတ်တိတ်ဆိတ်ဆိတ် လမ်းခွဲ ဖြစ်ကြရုံ…
လွမ်းစရာ မှ သိပ်မကောင်းလှပါပဲ…
ဝေ့၀ဲလာတဲ့ မျက်ရည်စက်တွေရဲ့ ..ရက်စက်သမှုကို မုန်းတယ်…

ဥပက္ခာဆိုတဲ့ တရားကို ယဉ်ပါးသူ..သင်ပေးသွားခဲ့လို့ 
ငါတဖက်ကမ်းခတ်ခဲ့တာပဲ…
မဖြတ်ကျော်ဖြစ်ခဲ့ကြတဲ့
မိုင်တိုင် နှစ်ခုကြားက….
အစိမ်းရောင် ခပ်ပါးပါးလေး ခြားတယ်…

စိတ်ကူးကို ရေမရောပဲ မသောက်မိဖို့ 
ငါ့စိတ်ကြိုက်နွေရာသီ တွေက တားတယ်…
ရာသီတွေ ရာသီမပီစွာ ဖျော့ဖြဲဖြဲ နဲ့ …
ငါကတော့ အရင်လို ခပ်ရဲရဲ ကောင်မလေး တယောက်ပါပဲ…

ငိုမလိုရယ်မလို အပြုံးနဲ့ 
ငါ့အိပ်မက်တွေကို အလကားသုံးသွားတုန်းက ဒီရုပ်လား
ကိုယ့်ယုံကြည်ချက် နဲ့ ကိုယ်မို့ 
လိုအပ်ရင် ခေါင်းမော့ဟားတိုက်တတ်ဖို့ ပြင်ဆင်ထားရုံ
လူ့ ဘ၀ကို လူပီသစွာ ဖြတ်သန်းခွင့်ရဖို့ 
လိုအပ်ရင် လဲ ငိုရဲ ရယ်ရဲ ရမယ်…

မြေပြင်ကို နမ်းရှိုက်မယ့် တိမ်တိုက်တွေ ဟာ
ကောင်းကင်ပေါ်ကိုတော့
ဘယ်သောအခါမှ ပြိုဆင်းမှာ မဟုတ်ခဲ့…
မင့် တရားလွန် မာန တွေဟာ…
တဆိတ်ကို အသိတရားခေါင်းပါးလွန်းတယ်…။ ။

4 Comments:

  1. နေ၀သန် said...
    အိုး.. စာမရေးတာကြာပြီနော်... ပြန်ရေးတော့လည်း နဂို စတိုင်ပါပဲ..း)... နွေးရေ.. ကဗျာစာသားတွေကတော့ မာတယ်နော်... မိုက်တယ်.... ဘယ်နေရာကို ၀င်ခံစားပြီးရေးသလဲ... နွေးတို့ ပျော်ရွင်ပါစေ...
    Welcome said...
    မဖတ်ဖြစ်တာကြာပြီဖြစ်တဲ့ ကဗျာလေး လာဖတ်ပါတယ်။


    ဆင်ဆင်ပြေ ပျော်ရွှင်ပါစေ
    နွေဆူးလင်္ကာ said...
    ကဗျာကောင်းလေးပါ။
    ငိုမလို ရယ်မလို အပြုံးနဲ့
    ငါ့အိပ်မက်တွေကို အလကား သုံးသွားတုန်းက ဒီရုပ်လား။
    ဟဲဟဲ မိုက်တယ်။
    Anonymous said...
    ဥပက္ခာဆိုတဲ့ တရားကို ယဉ်ပါးသူ..သင်ပေးသွားခဲ့လို့ 
    ငါတဖက်ကမ်းခတ်ခဲ့တာပဲ…

    ဟားဟား ဟုတ်ပ ဟုတ်ပ စကားလုံးတွေကတော့ လန်ထွတ်နေတာပဲ ညီမရေ ကဗျာလေး ကောင်းကောင်း ရှိ

Post a Comment