ခံယူချက်
















ငါ မတွေ ဝေပဲ…လည်း

ချစ်ဖူးတယ်…

မသေချာပဲ…လည်း…ရူး ဖူးတယ်..

အချစ် ဆိုတာ အ’ မင်္ဂလာ တပါး

မဟုတ်ရဘူး ကွယ်…

စိတ်အပန်းဖြေရာ…ကစားကွင်းတခု…

မဖြစ်ရဘူးကွယ်….

ဒါတွေဟာလည်း…

ငါမမျှော်လင့်ခဲ့သလို…

ကြုံဖူးတယ်…

ငါက..

ငါ့အစွမ်းရှိသရွှေ့  တော့

အမြင့်မားဆုံး ပျံသန်းကြည့်ချင်တယ်…

မင်းက..

မင်း အတ္တ တွေနဲ့  ငါ့ကို..ချည်နှောင်လို့ မရ နိုင်တော့မှာ..

စိုးရိမ်တယ်…

“မိန်းမ တယောက်ရဲ့ အရေးပါမှု မြင့်တက်နေသရွှေ့ ..

ယောင်္ကျား တယောက်ရဲ့ မာန ကျရှုံးနေသတဲ့ ”

ငါ မြတ်နိုးခဲ့ ဖူးတဲ့ မင်းမျက်လုံးတွေ…

နောက်ဆုံးအကြိမ် အဖြစ်…

ခါးခါး သီးသီး စိုက်ကြည့်ခဲ့တယ်….

“ အေး.မင်းငါ့မျက်နှာကို စေ့စေ့ကြည့်စမ်းပါ” တဲ့

အင်း …ဒါဟာလည်း သူ့ စကားကိုနောက်ဆုံးနားထောင်ခြင်းပါပဲ..

“ မိန်းမတယောက် က လိုအပ်တာထက်…

သိပ် တော်လွန်းတတ်လွန်းချင်နေရင်..ငါမုန်းတယ်..” တဲ့

သြော်..သူပဲ အမျိုးမျိုး ရယ်..

“မင်း ငါ့ကိုဒီလောက်ကျောခိုင်းချင်နေလဲ..မင်းသဘောပဲ”

…………………………………………

ကျောခိုင်းတာတော့မဟုတ်ခဲ့ ဘူး…

မမြင်ချင်တော့လို့ လှည့်ထွက်ခဲ့တာ..

သိပ်တော့လည်းမထူးဆန်းပါဘူး…

မင်းနဲ့ ငါ့ကြား တူညီမှု တခုပဲ ရှိခဲ့တယ်…

ဒါတွေ ထားလိုက်ပါတော့ ချစ်သူ…

ခံစားချက် ကိုယ်စီပိုက်…

ခံယူချက်တွေ နဲ့ ပဲ လမ်းဆက်လျှောက်…

ခရီး ဆိုတာ..ရောက်မှန်းမသိ…..ရောက်သွားပါလိမ့်မယ်….။ ။

*

4 Comments:

  1. စိမ်း... said...
    မနာလိုနေတာ မနာလိုနေတာ... ဟီဟိ...
    ကိုယ်ကတော်တာကိုး... နော့လေ...
    ပျော်လို့ စတာနော်...
    ဂျူးဝတ္ထုထဲကလိုပဲလား ...
    ဇာတ်ဝင်ခန်းနဲ့တကွ ကဗျာကိုတွဲဖတ်သွားတယ်...
    ရေတမာ said...
    စိတ်ကိုလျော့ပါ
    လင်းကြယ်ဖြူ said...
    ခရီးများအဆုံးထိလျှောက်ပေါ့နော...
    ပျော်ပါစေ
    လင်းဦး(စိတ်ပညာ) said...
    ဟုတ်တော့ဟုတ်တယ်.. ခရီးဆိုတာ ရောက်မှန်းမသိ ရောက်သွားလိမ့်မယ်....

Post a Comment