“နင် ငါ့ကိုမချစ်ဘူး…. “


















ချစ်ခြင်း တွေ ငါ့နံဘေး နားက ဖြတ်ပြေးသွားကြတဲ့အခါ
ကယောင်ကတမ်း ငိုကြွေးမိတယ်…
နင် ငါ့ကိုမချစ်ဘူး….

ငါ့မေတ္တာတရားတွေအားလုံး ခေါင်းလောင်းမထိုးပဲ ငါလှူခဲ့တယ်…
ဒါပေမယ့် ငါသိပါတယ်…
နင်ငါ့ကိုမချစ်ဘူး…..

အမှန်တရားတွေ ငါ့မျက်ဝန်းတွေပေါ်က တောင်ပံတပ်ပြီး
ပျံသန်းသွားကြတဲ့အခါ…
သတိလက်လွတ်….ရေရွတ်မိပါတယ်…
နင် ငါ့ကိုမချစ်ဘူး…

ငါ့မျှော်လင့်ချက်တွေ အားလုံး နင်ခိုးယူသွားပြီးနောက်
ငါ့ တဘ၀ လုံးမှာအိပ်မက်တွေ ကို အနားပေးခဲ့ပါပြီ..…
ဒါပေမယ့်..လည်းလေ
နင်ငါ့ကို မချစ်ခဲ့ဘူး…

ငါဟာအကြိမ်ကြိမ်ရှုံး ယုံကြည်ချက်ပျောက်ဆုံးခဲ့တာတောင်…
အတ္တတရားတခုကို လိုလိုလားလား ဆုတ်ကိုင်ထားခဲ့တဲ့
မိန်းကလေးတယောက်ပါ….့
တခါတရံ တော့လည်း…
နာနာကျဉ်းကျဉ်းမြည်တမ်း တတ်ခဲ့ပါတယ်…
နင်ငါ့ကို မချစ်ဘူး….

ငါ့ကိုယ်ငါ ကျိန်ဆဲမိတယ်…
ငါဟာ လူတွေ အကြောင်း နကန်းတလုံးမှ
နားမလည်တတ်တဲ့ မိန်းကလေးတယောက်ဖြစ်ခဲ့ရင်ကောင်းမယ်….
ဒါပေမယ့် ငါ့ဆုတောင်းတွေ အသက်မဲ့
မနှစ်မြို့ စွာလက်ခံတတ်ခဲ့ရပါတယ်…
နင်ငါ့ကို မချစ်ဘူး…။ ။

9 Comments:

  1. မိုးခါး said...
    ကြိုက်တယ် နွေးရေး))
    Anonymous said...
    သူမချစ်ဘဲချစ်ဟန်ဆောင်ခံရတာအရမ်းခံစားရတာဘဲနော်။
    ကဗျာလေးထိပါတယ် ။အားပေးနေလျှက်ပါ ။
    နှင်းဆီနက် said...
    နွေးရေ ကောင်းလိုက်တာကဗျာလေးက

    ခင်မင်စွာဖြင့်
    နှင်းဆီနက်
    WWKM said...
    ကဗျာလေးက ထိထိမိမိလေးနဲ့ကောင်းတယ် ညီမလေး
    ရေ. တော်လိုက်တာ.း)
    လင်းကြယ်ဖြူ said...
    ကဗျာက မိုက်တယ်ကွ...
    ကောင်းတယ်....
    ပျော်ပါစေ
    လေပြေ said...
    တစ်ခါမှထိပ်ဆုံးကဦးအောင်မမန့် ရဘူး။အစ်မမိုးခါးတို့ ကတော့သွက်ပါ့ဗျာ။ကဗျာလေးကြိုက်တယ်အစ်မနွေးရေ။ကြုံတုန်းအစ်မမိုးခါးကိုနောက်သွားတာ...။အဟက်....
    ဖိုးဂျယ် said...
    မချစ်ဖူး ဆိုတာပဲ
    ကဗျာလေး ကောင်းတယ်ဗျာ
    ကာရံဆူး said...
    ဘယ်လိုပဲ သူ မချစ်ပါစေလေ...ကိုယ်ချစ်နေခွင့်ရလို့ တော်ပါသေးရဲ့ လို့ တွေးလိုက်ပါ...သူမချစ်တာကို အထပ်ထပ်တွေးလို ကိုယ်ပဲ စိတ်ဆင်းရဲနေမှာပေါ့..ကိုယ်ချစ်တာလေးကိုပဲ ကိုယ်သိလိုက်ပါ နွေးရယ်...
    ဖြိုးငယ် said...
    ကောင်းတယ် .. အညာခံရတဲ့မိန်းကလေးတစ်ယောက်ရဲ့
    စိတ်ခံစားမှုမျိုးလေးကို ပေါ်လွင်အောင်ရေးသွားနိုင်တယ်

Post a Comment