လွမ်းတဲ့ဆောင်း (Missing December…..)












ဆောင်းရာသီ မရှိတဲ့ အရပ် မှာရှင်သန်ရင်း
နှင်းခဲနေတဲ့ အေးစက်စက် မျက်ဝန်းတစုံကို လွမ်းတယ်…
ဒီဇင်ဘာ ရယ်…
ငါလဲ ချမ်းတတ်ခဲ့ပါတယ်…

သူ့ မျက်ဝန်းတွေ နွေးထွေးလာစေဖို့ 
အလင်းဓါတ် တချို့  ငါ့ရင်ခွင်ဆီက လွှင့်ထုတ်ဖူးတယ်
ဒီဇင်ဘာ ရယ်…
ငါလဲ နွေးထွေး စေတတ်ဖူးပါရဲ့ …

ခမ်းနားတဲ့ မာကျုရီ မီးရောင်စုံကြား
လူစည်ကားလှတဲ့ ဒီလမ်းမကြီးပေါ်က
ငါ့နှလုံးသားဟာ
ဝိုးတ၀ါး မြူနှင်းတွေကြားက
အေးစက်စက် မှုန်ကုတ်ကုတ်
ငါ့ရဲ့  အရုပ်ကလေးတရုပ်ကိုပဲ လွမ်းလို့ ….

အခုတော့
အေးမြလတ်ဆတ်တဲ့ တောင်ပေါ်လေ အစား
ခြောက်ကပ်ကပ် ဘ၀ အမောတွေပဲ ကျမအနားမှာရှိတယ်
ဒီဇင်ဘာ ရယ်……
…………………………..။ ။

0 Comments:

Post a Comment