" အလေ့ကျ... "
အမှန်က ဗျိုင်းလည်း ...မနားဖူးဘူး...
ဒီလိုပဲ...
အလွမ်းနဲ့ ယှဉ်ရက်သားးး
သူ့ ဟာ သူ လွမ်းနာကျနေခဲ့တဲ့ ပေါက်ပင်....
မျက်ရည် မရှိသလို သက်သေ မရှိဘူး...
ကျောက်ထက် အက္ခရာ တင်စရာ...
တူသားပေသား တကျ ...
အိပ်မက်ပြာ အဟောင်းအနွမ်းတွေတော့ ရှိလေရဲ့ ...
တကယ်ပါပဲ...
မလွမ်းလောက်ပါဘူး လို့  ကိုယ်ပြောတော့ ...
ချစ်မြတ်ခြင်း က မဲ့ ပြုံး ပြုံး လို့ ....
"ဘယ်သူ့ ကို မှ မမြူဆွယ်ခဲ့သေးဘူး.."
မာန ပျိုတွေ ပြန်အသက်ဝင်လာခဲ့...
ဒီမှာ...
စိတ်ချ လက်ချ ထားခဲ့နိုင်တယ်..
ကျရာနေရာ အပင်ဖြစ်မြောက်နိုင်တယ် ဆိုတာ...
မင်းသိနှင့်ခဲ့ပြီးသားပဲ မဟုတ်လား.. ။  ။
" မြို့ ပျက်.."
ဒါတွေ အားလုံး အစိမ်းသက်သက်ပဲ...
ငါ့အတွက် လုံခြုံရာ ဖွေရှာမရခဲ့...
အဖြစ်အပျက်တွေ အားလုံးလည်း...
နေသားတကျ....
 ရက်စက်တယ်...
တကယ်က နာကျင်မှု တွေမှာ မျက်ရည်မပါဘူး....
မိုက်မဲခြင်းတွေ ကသာ ဆွေးမြေ့ခြင်း ကိုရှာဖွေ တွေ့ ရှိ...
မပြောမဆို ထွက်သွားလည်း သွားရဲ့ ...
“အချစ် “က လက်ပေါက်သိပ်ကတ်တယ်...
ဟော…
တကယ့်ကို ....
ရယ်စရာမျက်လှည့် တကွက်ပဲ...
သူ့ ရင်ထဲ မှာ မီးတောက်...တွေနဲ့ ... ။ ။
ဘာအတွက် နဲ့ သိမ်းထားမှာလဲ...
ငါက နင့်အတွက်တော့ မှန်ဗီဒိုထဲက အရုပ် တရုပ်လိုပဲ...
နင့်အတွက်..ငါ... 
အခိုင်အမာ တည်ရှိခဲ့တယ်...
ပိုင်ပိုင်နိုင်နိုင် သိမ်းဆည်းခွင့်ရှိတယ်...
ဒါပေမယ့် ငါ့အတွက်ကတော့...
ဖုန်တက်မှာစိုးလို့ ...
ညစ်ပေမှာစိုးလို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ...
နင့် နံဘေးမှာ နေခွင့်မရှိခဲ့ဘူး...
ကြာခဲ့ပြီ...
ဒါပေမယ့် တချို့ ပျက်လုံးတွေက ခုချိန်ထိ..
ငါ့ရင်ခွင်ကို လာ မှန်တုန်းပဲ....
တကယ်မဟုတ်မှန်း သိရက်နဲ့ ...ငါပြုံး လိုက်မိတယ်...
ငါပေးခဲ့တဲ့ အမှတ်တရ တွေကို လွှတ်ပစ်ပြီး...
အမှတ်တမဲ့တွေကို နင်သိမ်းထားခဲ့တယ်...
နင့်ကို နားလည်ဖို့ ,ငါက ငါ့ကိုယ်ငါ အချိန်မပေးခဲ့ဘူး ဆိုတဲ့စကား ...
တကယ်က..
သိပ်ဟားတိုက်ဖို့ ကောင်းရဲ့ ...
ငါသိပ်အတ္တကြီး သလောက် နင်တကိုယ်ကောင်းဆန်တတ်ခဲ့တယ်...
ကဲ...ပြိုင်တူလွှတ်ချ လိုက်ရအောင်ပါ...
ဆန့် ကျင်ဘက် အတွေးအခေါ်တွေ၊ စိတ်ဓါတ်တွေကြားက...
မတန်မရာ တူညီခဲ့တဲ့... ငါတို့ ရဲ့ ...အစုတ်အပဲ့ သံယောဇဉ်တွေကို !!!
မုန်းမိတဲ့ အခါ....
စာမရေးဖြစ်တာကြာလို့  ဘယ်ကစရေးရမလဲတွေးရင်း
နှလုံးသားထဲက စာသားတွေ ဦးနှောက်ယိုစီးမှုကြားမှာပျောက်သွား...
နင့်ကို ငါမုန်းသွားတယ်....
ခပ်တည်တည် ထိုင်ဖတ်နေရတဲ့...
ခံစားမှုမရှိတဲ့ စာသားတွေလို ....
နင့်ကို မုန်းတဲ့အကြောင်း ပြောချင်လာ လိုက်တာ များ ...
နင့်ကို ငါမုန်းနေခဲ့တာတော့ ကြာပြီ...
မှတ်မှတ်ရရဆို ၆လုံးဖုန်းတွေ ၅၁ ကနေ ၅၀ ပြောင်းသွားကတည်းက...
အဲ့လို နင့်ကိုငါ မုန်းမှန်း မသိအောင်မုန်းလာလိုက်တာများ..
ငယ်ငယ်တုန်းက သင်ပုန်းကြီး ဖတ်စာတွေလို ကို နင့်ကို ငါမုန်းတယ်…
နင်ဟာ အင်မတန် မုန်းစရာကောင်းတယ်…
မြစ်ကမ်းနံဘေးက လှော်တက်မရှိတဲ့ လှေ လို...
လိုအပ်သလိုအသုံးခံပြီး... အသက်အန္တရာယ်ကို အာမ မခံတဲ့...
လေးလမ်းသွား ကားလမ်းမကြီး လိုလို....
မုန်းစရာ ပကတိ နဲ့ ..
'အချစ် 'ဆို တဲ့စကားလုံးကို အရှက်မရှိ ခပ်တုံးတုံးသုံးသွားတာများ...
.....................................
နင့်ကို ငါ မုန်းတယ်!!!!!!
;;