ပတ်ဝန်းကျင်ကို ငုံ့ ကြည့်လိုက်တယ်….
ပတ်ဝန်းကျင်ကို မော့ကြည့်လိုက်ပြန်တယ်…
ပတ်ဝန်းကျင်ကလဲ သနားစရာ မျက်ဝန်းနဲ့ မော့ကြည့်တယ်…
တခါတလေ သူကပဲ မော်ကြွားကြွားနဲ့  မျက်ဝန်းဒေါင့်ကပ်ငုံ့ ကြည့်ပြန်တယ်….
ကျမစောင့်နေခဲ့တဲ့ အချိန်တွေရှိသလို…
ကျမ ကြောက်နေခဲ့တဲ့ အချိန်တွေလဲ ရှိတယ်….
အရာရာကို ပုံတူကားချပ်ဆွဲ…
တခါတလေ ၀ိသမမျက်လုံးနဲ့ ပဲ စောင့်ကြည့်ချင်တယ်….
ရောင့်ရဲတတ်တာ ကောင်းတယ်…
ဒါပေမယ့် တင်းတင်းကြီး တိမ်နေကြတာ ဆိုးပြန်တယ်….
နေရောင်ခြည်ကို အပူတပြင်းလိုအပ်နေတဲ့အခါ…
ကန့် လန့် ကာကို ဖယ်သင့်ရင်ဖယ်ရမယ်….
နူးညံ့နေတာမြင်တိုင်း…ဒူးနှံ့ နေလို့ ရမယ်မထင်ပါနဲ့ ….
အားနာမိတဲ့ တခါတရံဟာ အင်မတန် အသက်ရှူကျပ်ကြောင်းးး …
အားနာတတ်တဲ့ တခါတလေ မှာ…
အင်မတန်အခံရခက်ကြောင်း….
ရင်ဘတ်နဲ့ ရင်းမိတဲ့ အခါ သိမယ်…
တခါတလေ သူ တို့ မှားတယ်…
တခါတလေ ကျမ မှားတယ်….
ဒီလိုပဲ…
မျက်ဝန်းအမှားတွေနဲ့ အမှန်ကို ကျောခိုင်းကြည့်ကြပြန်တယ်….။ ။
ကဏ္ဍ - ကဗျာ
1 Comment:
-
- zue said...
February 15, 2011 9:27 PMနွေးရေ.. အမှားနဲ့ အမှန်နဲ့ ကြားက သူတို့နှင့် ကျွန်မ ကဗျာလေး လာခံစားသွားတယ်...
Subscribe to:
Post Comments (Atom)

