“ အနာဂတ်ထံမှ… ရုတ်သိမ်းခြင်း… “



တခါတလေ ငါဘာကိုမှ မသိချင်ဘူး…
မသိခြင်းဟာ အလှပဆုံး အဖြူရောင်တခု ဖြစ်ခဲ့ဖူးတယ်...
 
မေတ္တာတရားဆိုတာ တချိန်တခါက …
နင်ကြားခွင့် မရလိုက်တဲ့ ခေါင်းလောင်းသံတခုဖြစ်တယ်…
ဘုရားမှာကပ်လှူခဲ့တဲ့ နေ့ သင့်နံသင့်ပန်းတွေ နဲ့ … ရေချမ်း ၂၂ခွက်ဖြစ်တယ်…
 
တယုတယ မက်ခဲ့တဲ့ အိပ်မက်တွေ အပြန်ခရီးမှာ…
ငါ့ရဲ့ တမြတ်တနိုးတွေဟာ နင့်ရဲ့ အမှုမှတ်မဲ့တွေ ဖြစ်ခဲ့ပြီး…
ငါ့ရဲ့ အမှတ်တမဲ့တွေကသာ နင့်ရဲ့ အမှတ်ရမှုတွေ အဖြစ်
တရားမမျှတစွာ သက်သေဖြစ်ခဲ့…
 
“နင်ဟာ ငါ့အနာဂတ် ဖြစ်တယ်… “
အတိအကျ ထပ်ပြောရရင်… နင်ဟာ ငါ့မနက်ဖြန်တွေ ထဲက ပျောက်ကွယ်သွားခဲ့တဲ့…
ငါ့ရဲ့  မနေ့ က အနာဂတ်တခု ဖြစ်တယ်… ။ 

3 Comments:

  1. ဇူး said...
    နွေးရေ.. ကဗျာကောင်းလေး လာဖတ်သွားတယ်... တခါတခါ အနာဂတ်ထဲက ရုတ်သိမ်းချင်လို့ ရုတ်သိမ်းလိုက်ရတာမျိုး မဟုတ်တာဆိုရင် အရမ်းခံစားရတာ ...... (ကိုယ့်ကိုယ်ကို ပြောမိတာပါ.. တိုက်ဆိုင်လို့)
    လင်းခေတ်ဒီနို said...
    နာကျင်မှုခြင်းညီမျှ တောင်
    တမင် ကခဲ့ရတဲ့ ဇာတ်တစ်ကွက်ပါ ချစ်သူ
    ရင်ကွဲ ခံ ဇာတ်လမ်း အတွက်
    ဟောဒီက ရင်ဘတ်တခြမ်းကလွဲ လို့ 
    ဘယ်သူမှ ကြိုမလွမ်းခဲ့ရပါဘူး….။

    သိပ်ကောင်းတယ် နွေးး))))
    လင်းခေတ်ဒီနို said...
    ငါ့ညီမ ကဗျာသာ အရေးကျဲသွားတာ ကဗျာလက်က မကျဘူး အရေးအသားတွေ ကောင်းနေဆဲပဲ နွေးရေ

    ဗညားရှိန်

Post a Comment