နေရာဟောင်းလေးမှာ…..


နေရာဟောင်းမှာ….

အနာဂတ်သစ်တွေ မရှိနိုင်တော့ပေမယ့်….

လွတ်လပ်ပေါ့ပါးတဲ့ ရယ်သံလေးတွေ…

ပြန်ခံစားနိုင်မယ်…



နေရာဟောင်းမှာ….

ခြေလှမ်းသစ်တွေ မရှိနိုင်တော့ပေမယ့်…

တက်ကြွလန်းဆန်းခဲ့တဲ့..ခြေသံလေးတွေ…

ပြန်ကြားယောင်နိုင်မယ်….



နေရာဟောင်းမှာ…

အိပ်မက်သစ်တွေ ထပ်မရနိုင်တော့ပေမယ့်…

နူးညံ့ဖြူစင်တဲ့ အပြုံးလေးတွေ…

မျှော်လင့်ချက်ကင်းစွာ…

ပြန်မြင်ယောင်စေမယ်….



နေရာဟောင်းတုန်းက …

နေရာသစ်က အကောင်းဆုံးဆိုတာတွေမျှော်မှန်း..

ဘယ်အရာက အစစ်နဲ့ အတုမှန်းလဲ မကွဲပြားခဲ့ကြပြန်ဘူး...



အခုတော့ နေရာသစ်မှာ…

အကောင်းဆုံး (ထင်ခဲ့တဲ့) အရာတွေ ကို တွေ့ ခဲ့..

ပြည့်စုံခြင်းလို့ (ထင်ခဲ့တဲ့) အရာတချို့ ကိုရခဲ့...


ပြီးတော့...

လူသားမဆန်တဲ့ ရင်ခုန်သံတချို့ လဲရှိနေခဲ့...


ဒါပေမယ့် ...

တခုတ်တယ အလွမ်းတွေနဲ့ ...


တယုတယခေါက်သိမ်းထားခဲ့ရတဲ့ 


အိပ်မက်ဟောင်းလေးကတော့...


အဲ့ဒီ နေရာဟောင်းလေးထဲမှာ...


လွတ်လပ်ပေါ့ပါးစွာ….


ပျံသန်းဖို့ အားယူနေလေရဲ့ ....။ ။



( နွေးထွေးသော အမိမြေနှင့်...ဂျီတီစီကျောင်းတော်သို့ အမှတ်တရ...)

3 Comments:

  1. ကိုလူထွေး said...
    နွေးထွေးသော အမိမြေက အခုတော့ တော်တော်ပူနေတယ် ပြောတယ်...

    အပူလှိုင်းဖြတ်လို့...

းဝ)
    Anonymous said...
    .အမှန်တရား ကို လက်ခံတတ်ဖို့ …

    ကိုယ့်စိတ်ကိုသာ...

    မလိမ်တတ်အောင်လေ့ကျင့်ကြည့် စမ်းပါ...


    ကောင်းလိုက်တဲ့ စကားလုံး

    ဗညားရှိန်
    http://www.lynnkhitdeno.blogspot.com/
    ဟန်ကြည် said...
    လူဆိုတာ အတ္တရဲ့ သားကောင်တွေပါပဲ...

Post a Comment