အနားသတ် မှတ်ချက်..




အနယ်ထိုင်နေတဲ့...အလွမ်းတွေကို ဒီ ဘ၀ထဲက ခတ်ထုတ်ပစ်ခဲ့တယ်...

တော် ပါ ပြီ...

အချစ်ဆိုတာ လက်ပစ်ကူးတိုင်းလဲ ကောင်းတဲ့ ပင်လယ် လိုက်လို့ ...

ခက်ထန်မှုတွေနဲ့ ရင့်ကျက်မှုတွေကြား...ဘ၀က နှစ်ပိုင်းခြားသွားတယ်...

တချို့ လူတွေက အချစ်အတွက်နဲ့ အသက်ရှင်တယ်..
တချို့ လူတွေက အချစ်အတွက်နှစ်ဖက်ယှဉ်တယ်…

တချို့ ယောင်္ကျားတွေက ကွယ်ဝှက်တယ်....
တချို့ ယောင်္ကျားတွေက လိမ်တတ်တယ်..

တချို့ မိန်းမတွေက ငွေမက်တယ်...
တချို့ မိန်းမတွေက ပတ်ဝန်းကျင်အထင်ကြီးမှုကိုမက်တယ်...

သဘာဝတော့ သဘာဝပါပဲ..

ဒါပေမယ့်လည်း..

လေးစားလို့ မရတော့...တဲ့စကားတခွန်း အဆုံးမှာတင်...
ပတ်သက်မှုအားလုံး အမှောင်ဖုံးသွားတယ်...
.။ ။

4 Comments:

  1. သီဟသစ် said...
    ညီမနွေးေ၇

    ကဗျာလေးတွေ လာဖတ်သွားပြီ
    :)

    နှစ်သစ်မှာ ပျော်ရွှင်ကြည်နူးကြပါစေ..

    ခင်မင်စွာဖြင့်
    သီဟသစ်

    B.T.W
    ဒီနေ့ မင်္ဂလာဆောင် တစ်ခု သွားစားရမှာ ညီမတို့ ဆောင်တဲ့ နေရာမှာပဲ
    :)
    နွေဆူးလင်္ကာ said...
    ကဗျာကောင်းလေး ဖတ်သွားပါတယ်။
    ဖိုးဂျယ် said...
    အနားသတ်လေး ဖတ်သွားတယ်
    လင်းကြယ်ဖြူ said...
    ကဗျာလေး က အနှစ်သာရတွေ အပြည့်နဲ့ပါ..

    ပျော်ကြပါစေ
    *.*.*

Post a Comment