"လူရိုင်းယဉ်ကျေးမှု"

ရည်ရွယ်ချက်တွေကိုယ်စီနဲ့ ..ငါတို့ တမိုးသောက်ခဲ့ကြတယ်…

ကောင်းကင်က မြေကြီးကို တိုးသျှိုးလိုက်ရသလိုမျိုး…

အလိုမတူသော သတိရခြင်းမျိုးတွေ နဲ့ ….

တိတ်တိတ် ဆိတ်ဆိတ် ထိခိုက်ဖြစ်တယ်…


ထွက်ခွါ စရာ လမ်းပျောက်ခဲ့ရလို့ …

စမ်းတ၀ါးဝါး ရမ်းလျှောက်နေလိမ့်ဦးမယ် မထင်နဲ့ …

ဂျစ်ပစီ နာမည်တလုံး ခံလိုက်ပြီးမှတော့ …

လမ်းဘေးရောက်လဲ လွမ်းစရာမရှိ…လောက်…



အတ္တကင်းသော ချစ်ခြင်းမျိုး ရှိနိုင်ပါရိုးလား…

ယူဇနာ ထောင်သောင်းမက ကွာခြားခဲ့ရလည်း…

ကိုယ့် အတ္တ ထက် ပို၍ ထက်မြက်သောအရာ မရှိ…


ထက်ဝက်ပိုင်း အကြည့်တွေ နဲ့  ငါဟာ….

အရိုးသားဆုံး မယဉ်ကျေးတတ်တော့သောအခါ….
။ ။

4 Comments:

  1. နွေဆူးလင်္ကာ said...
    ရေးချင်တာလားဗျ။ ကဗျာမဟုတ်ဘူးလား ဖတ်လို့ကောင်းတယ်ဗျ။

    ထက်ဝက်ပိုင်း အကြည့်တွေ နဲ့  ငါဟာ….

    အရိုးသားဆုံး မယဉ်ကျေးတတ်တော့သောအခါ….။ ။
    ညီညီ said...
    လူရိုင်းယဉ်ကျေးမှု့ ခံစားသွားပါတယ်.။ စကားလုံးတွေက လေထဲကို ပင့်တင်လိုက်သလိုပဲ..။ ဂျစ်ပစီတစ်ယောက်လို မိုက်ကန်းကန်း ပြန်သွားပါသည် :P.။

    ခင်မင်လျှက်

    ညီညီ(အနာဂါတ်သံစဉ်)
    ဝေလင်း said...
    ထက်ဝက်ပိုင်း အကြည့်တွေ နဲ့  ငါဟာ….

    အရိုးသားဆုံး မယဉ်ကျေးတတ်တော့သောအခါ….။ ။

    အဲဒီစာသားလေးကို ကြိုက်တယ်။ ပေါက်ကွဲမှု အသံတွေပါနေတယ်။ စကားလုံးတွေမှာ..
    လင်းကြယ်ဖြူ said...
    လူရိုင်းယဉ်ကျေးမှု ကိုလာခံစားသွားပါတယ်...
    ပျော်ပါစေ

Post a Comment