ချစ်သူမိုးကောင်းကင်











ချစ်ခြင်းမေတ္တာတရားဆိုတာ ကျမ ခေါင်းမော့ကြည့်လိုက်တိုင်း ကျမကိုထာဝရ အုပ်မိုးကာကွယ်ပေးထားတဲ့ကောင်းကင်ပြင်ကြီးတခုလိုပါပဲ...
မိုးရွာရွာ ၊နေပူပူ ၊ဆောင်းချမ်းချမ်း ဘယ်လိုရာသီဥတုမျိုးမှာမဆို သူကတော့ကျမ အတွက်ထာဝရရှိနေတတ်တယ်...
တခါတလေ ကျမသူ့ ကိုမမြင်နိုင်တဲ့အခါတွေရှိတတ်ပါတယ်... အတ္တတရားဆိုတဲ့ မိုးသားတိမ်တိုက်တွေ ဖုံးအုပ်ထားတဲ့အခါမျိုးတွေမှာပေါ့...
ဒီအချိန်မျိုးတွေမှာလဲ ကျမကသာ မမြင်နိုင်တာပါ...သူကတော့ တနေရာရာမှာကျမအတွက်ရပ်တည်နေခဲ့တာပါပဲ...
တခါတလေ ချစ်သူဟာ မိုးပြိုမှာကြောက်နေတဲ့တစ်တီတူးလေးအတိုင်းပဲ ... ကျမ အတွက်နေရာတကာ အသေးစိတ်လေးကအစ အစိုးရိမ်လွန်နေတတ်ပြန်တယ်... တကယ်ဆို ကျမ ကချစ်ခြင်းမေတ္တာအပေါ် အယုံကြည်ကင်းမဲ့လွန်းတတ်ခဲ့သူပါ...သို့ ပေမယ့်လည်း ချစ်သူအသက်သွင်းတဲ့ ဒီမျက်လှည့်ဝင်းထဲမှာပဲ ကျမနှလုံးသားဟာ ပန်းနူရောင်ပြောင်းသွားခဲ့တယ်...
မြတ်နိုးခြင်းကို ကျမကိုယ်တိုင်အရောင်ခြယ်လို့ မ၀သေးခင် ချစ်သူက လက်ဆောင်အဖြစ်ကျမကိုနှင်းအပ်ခဲ့တယ် ...
ချစ်ခြင်းမှာ အပေးအယူရှိပါသလား ... ကျမ မသေချာပါ... သို့ ပေမယ့် ချစ်သူ၏ မေတ္တာတရားကတော့ကျမ ၏ချစ်ခြင်းကိုညှို့ ငင်နိုင်စွမ်းရှိခဲ့ပါသည်...
ကျမ ၏အိပ်မက်များကို ချစ်သူက ဖန်ဆင်းသည်
ကျမ ကိုယ်ကျမ ယုံကြည် မှု စွမ်းရည်မြင့်တက်လာအောင် ချစ်သူက ဖန်တီး သည်
ချစ်သူနှင့်ဆုံတွေ့ ခြင်းသည် သာမာန်ရေစက်၊ရေပေါက်ကလေး အနည်းငယ်မျှပင်ဖြစ်လိမ့်မည်... သို့ သော်
ချစ်သူသည် ကျမ ဘ၀ထဲ နွေးထွေးစွာ ဖြတ်သန်းစီးဆင်းဝင်လာနိုင်သူဖြစ်သည်...
ချစ်သူနှင့် ပတ်သတ်သောအကြောင်းအရာတိုင်းသည် နူးညံ့သော နွေးထွေးမှု တမျိုးအဖြစ် ကျမနှလုံးသားထဲ အစဉ်အမြဲ တစိမ့်စိမ့်စီးဝင်လာခဲ့သည်...

9 Comments:

  1. ဂျပန်ကောင်လေး said...
    မိုက်တယ်..... ဒီလိုလေးရေးမှပေါ့...း)
    နဒီမိုးညို said...
    ချစ်သူ..က..မိုးကောင်းကင်.ဆိုတော့..
    နွေး..က...တိမ်လွှာပေါ့..
    ငုံကြည့်စရာ..မလိုဖူးလေ..း)..
    Htoo Aung Lwin said...
    ချစ်သူဆိုတာ ကောင်းကင်လိုပါပဲ
    တစ်ခါတ်စလေ ကြည့်လင်နေတယ်
    တစ်ခါတလေကျတော့ မိုးသက်လေပြင်းကျတတ်တယ်
    ဒါပေမယ့် ဘယ်သောအခါမှ မပြောင်းဘူး
    kyalkalay said...
    ချစ်သူကကောင်းကင် ဆို ကျနော်ကကြယ်ကလေး

    သူ. ရင်ခွင် ထဲ မှာအမြဲ လင်းလက် မယ်လေ

    ပျော်ရွှင်စွာဖတ်သွားပါ၏
    နွေဆူးလင်္ကာ said...
    ဖတ်လို့ ကောင်းပါတယ်။ ချစ်တတ်တာလဲ ကောင်းပါတယ်။ ဖတ်ရတာလည်း ကြည်နူးပါတယ်။
    Anonymous said...
    ချစ်ခြင်းမှာ အပေးအယူရှိပါသလား ... ကျမ မသေချာပါ... သို့ ပေမယ့် ချစ်သူ၏ မေတ္တာတရားကတော့ကျမ ၏ချစ်ခြင်းကိုညှို့ ငင်နိုင်စွမ်းရှိခဲ့ပါသည်...

    ကောင်းလိုက်တဲ့ ရေးချက်လေးတွေ ပါပဲလား ညီမလေးရေ

    အမလေးဗျာ စလုံးက ဘလော်ဂါတွေရဲ့ အေ၇းအသားတွေ
    က လန်ထွတ်နေအောင်ကို ကောင်းနေပါရောလားဗျာ
    သီဟသစ် said...
    နွေးထွေးမှုလေးတွေ အမြဲစီးဆင်းနေပါစေ

    ညီလေး ညီမလေးတို့ရေ

    ခင်မင်စွာဖြင့်
    သီဟသစ်
    ကိုလူထွေး said...
    ချစ်တယ်ဆိုတာ
    မုန်းတာမှမဟုတ်ဘဲ

    အားပေးတယ်...

းဝ)
    Anonymous said...
    သီဟ

Post a Comment