ဆန္ဒတစုံတရာ













အိပ်မက်ထဲမှာတောင်

အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ရသူပါ

ချစ်သူရေ………

ပြန်ဆုံခွင့်နေ့ စွဲတွေလေ…

နှင်းတစ လိုတရေးရေးလွင့်ပါး

ဟိုးဝေးဝေးမှာကျန်ခဲ့ပြီကွယ်…

ငါ့ခေါ်သံတွေကြားရဲ့ လား ချစ်သူ

နင် ရှိမယ့်အရပ်ကိုမျှော်ငေးရင်း

ငါပေးဆပ်ပါရစေ…။



ကျေးဇူးပြုပြီး

နင့်ရင်ခွင်တံခါးတွေ ဖွင့်ထားလိုက်ပါ

ဆောင်းလေနဲ့ အတူလွင့်လာမယ့် နှင်းတချို့ မှာ

ငါ့မျက်ရည်တွေ ပါကောင်းပါလိမ့်မယ်..။



အဲဒါ…သတိရခြင်းသင်္ကေတတွေပေါ့ ချစ်သူ

ပြန်မဆုံနိုင်တော့ဘူးဆိုပေမယ့်

ငါ့အတွက်လွမ်းခွင့်တော့ရှိသေးတယ်မဟုတ်လား

နင်ကြိုက်သလိုဝေးလွင့်ခွင့်ရှိပါတယ်…

ဒါပေမယ့်

နင့်ဘ၀မှာငါနဲ့ ဆုံဖူးသေးတယ်ဆိုတာကိုတော့

တခဏတာပဲဖြစ်ဖြစ်

တဘ၀စာပဲဖြစ်ဖြစ်

သတိတရ ရှိနေရင်ပဲ

ငါ ကျေနပ်ပါတယ်လေ….။

3 Comments:

  1. Anonymous said...
    အဲဒါ…သတိရခြင်းသင်္ကေတတွေပေါ့ ချစ်သူ

    ပြန်မဆုံနိုင်တော့ဘူးဆိုပေမယ့်

    ငါ့အတွက်လွမ်းခွင့်တော့ရှိသေးတယ်မဟုတ်လား

    နင်ကြိုက်သလိုဝေးလွင့်ခွင့်ရှိပါတယ်…

    ဟုတ်တယ် မှန်လိုက်လေခြင်းပါပဲ.....လွမ်းခွင့်ရှိချင်တယ်
    Demon(ဖိုးသား) said...
    ကျေးဇူးပြုပြီး
    နင့်ရင်ခွင်တံခါးတွေ ဖွင့်ထားလိုက်ပါ
    ဆောင်းလေနဲ့ အတူလွင့်လာမယ့် နှင်းတချို့ မှာ
    ငါ့မျက်ရည်တွေ ပါကောင်းပါလိမ့်မယ်..။
    mgnge said...
    အိပ်မက်ထဲမှာတောင်

    အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ရသူပါ



    ဒီစားလေး အတွက် တစ်မှတ်ဗျာ.... ကျွန်တောလည်း ခဏခဏ ကျရှုံးနေတတ်လို့ 

Post a Comment