တခါတလေမက်တဲ့ အိပ်မက်တွေထဲက လန့် မနိုးချင်မိလောက်အောင်...
ငါ့မသိစိတ်က တမ်းမက်နေတုန်းပဲ စေတန်...
အတိတ်တွေထဲက...
နုနယ်တဲ့ အတွေးတွေနဲ့  မရင့်ကျက်ခဲ့တဲ့ နှလုံးသားတစုံဟာ ...
နင့်ကို ဘယ်လောက်ထိအောင် တွယ်တာမိခဲ့သလဲ...
အဲ့ဒီ မသိစိတ်တွေကို ငါမုန်းတယ်....
ဒီ ရေအလျှင်တွေကို ရပ်တန့် ပေးပါ...
ရှေ့လျှောက် မမုန်းသင့်တာတွေကို ငါမုန်းမိတော့မယ် စေတန်...
အဲဒါတွေက...
ငါ့ကိုယ်ငါရယ်...
ငါ့သမိုင်းကြောင်းတလျှောက်က အမှတ်တရတွေရယ်...
နှုတ်ခမ်းဖျားလှုပ်ရုံ မင်ကုန်ရုံ ပေးဆပ်တတ်ခဲ့တာမှမဟုတ်ပဲ...
နင်လိုအပ်တိုင်း ဖွေရှာဖို့ ..
ငါ ဆိုတာနေရာတိုင်းမှာ ရှိနေတတ်ခဲ့တာ...
လုံလောက်ပါတော့ စေတန်...
ငါ့ဘ၀အချိန်တွေ ငါ့နေရာတွေ... ငါ့ရင်ဘတ်ထဲက နှလုံးသားကိုပါ ...
နင်လိုရာ ပြုစားခဲ့ပြီး မှ...
လွတ်မြောက်ခွင့် ပေးလိုက်ပါတော့...
နင့် အတွက် ငါ ဆိုတာ...
အနာကပ်တဲ့ ပလာစတာလေးလောက်သာ ...
တန်ဖိုးရှိခဲ့တာ ပဲ...
ကျေးဇူးပြုပြီး....
ပြုစားတာတွေ ရပ်ပါတော့ စေတန်...
ဘာမှ မဟုတ်တဲ့ နင့်ဆီက... ဘာမှ မဖြစ်သလိုပဲ ...
ငါပြေးထွက်သွားပါရစေ... ။ ။
;;
Subscribe to:
Posts (Atom)