"ထာဝရ = သူငယ်ချင်းများ"













လွင့်ထွက်ခွဲခွါခဲ့ ရတဲ့ သံယောဇဉ်တွေမှာ
ခရေပန်း ရနံ့ တွေသင်းတယ်
လွမ်းရတဲ့ဆောင်းညနေတွေဟာ
သူငယ်ချင်း တွေနဲ့ လှပတဲ့ကံ့ကော်ရောင်ညနေခင်းတွေ……။ ။

ဘ၀အတွက် ခက်ခက်ခဲခဲ ပင့်သက်တချက်ရိုက်ခတ်မိတိုင်း
အဲ့ဒီပြည့်စုံလှပတဲ့ ချစ်ခြင်းတွေအကြောင်း
ငါ ပြန်တွေးရင် နွေးထွေးတယ်…..။ ။

ခွဲခွါခဲ့ရပေမယ့်
တို့ တတွေဟာ မကွဲကွာခဲ့ကြဘူး…
ငါတို့ အတူဖြတ်သန်းစီးဆင်းခဲ့ကြတဲ့
လှိုက်လှဲသောပျော်ရွှင်မှုတွေအား
ဟော့ဒီ ငါ့နှလုံးသားထဲမှာ
အထားအသိုမမှားအောင် အမြဲသိမ်းဆည်းထားခဲ့တယ်…။ ။

တကယ်တော့ အခုချိန်မှာ ငါပိုင်ဆိုင်တော့တာဆိုလို့ 
နင်တို့ ငါ့အပေါ်ထားတဲ့ချစ်ခြင်းတွေရယ်
ငါ နင်တို့ အပေါ်ထားတဲ့ လေးနက်ခြင်းတွေရယ်ပဲ ရှိမယ်…။ ။

ဘယ်လိုပဲဖြစ်ဖြစ်
ငါတို့ သူငယ်ချင်းတွေဆိုတာ …
ဟိုး မိုင်ထောင်ပေါင်းများစွာအကွာ…
တည်နေရာပေါင်းစုံ က…
နွေးထွေးတဲ့နှလုံးသွေးတွေ …
တသွေးတည်း ၊တသားတည်း စီးဆင်းနေခဲ့ ကြစမြဲပါပဲ…။ ။

11 Comments:

  1. Htoo Aung Lwin said...
    ကျွန်တော့်အတွက်ကတော့ သီဟိုဠ်ရနံ့တွေ သင်းစေခဲ့တယ်ဗျာ
    နွေးနွေးရေ ကဗျာလေးကြောင့် ကျောင်းတော်က သူငယ်ချင်းတွေကိုအရမ်း သတိရသွားပါတယ်။
    Sein Lyan Tun said...
    အကိုရဲ့ တက္ကသိုလ်က ချစ်သူငယ်ချင်းများကို သတိရလွမ်းသွားပြီးး

    ကဗျာလေးကောင်းတယ်


    ချစ်ခင်စွာဖြင့်

    ဖိုးစိန်
    လင်းကြယ်ဖြူ said...
    သူငယ်ချင်းဆိုတာ
    မိတ်ဆွေ ဆိုတာထက် ပိုလေးနက်ပါတယ်
    နွေဆူးလင်္ကာ said...
    သူငယ်ချင်းဆိုတာ ဘ၀မှာ တကယ်မရှိမဖြစ်ပါ။ အစစ်အမှန်ဖြစ်ဖို့တော့ လိုတာပေါ့
    နဒီမိုးညို said...
    သူငယ်ချင်းကပေါတယ်..
    အနှစ်နာခံတဲ့မိတ်ဆွေ.ကတော့..ရှားတယ်နော်
    ကိုလူထွေး said...
    နဒီမိုးညိုက ပြောသွာတာတွေ့တယ် မဟုတ်လား...

    သူငယ်ချင်းက "ပေါတယ်" တဲ့...
    အဲဒါ နွေးနွေးသဲမွန်ကို ပြောသွားတာ ဖြစ်မယ်...

    (အဟား.. စတာနော်)
    ဇော် said...
    ကျွန်တော်လဲ သူငယ်ချင်းတွေကို လွမ်းသွားမိတယ်။
    ဂျပန်ကောင်လေး said...
    အင်း.. ကွဲနေရတာ..ကွဲနေရတာ.. ခွဲနေရ... ခွဲ...း(
    ဖြိုးငယ် said...
    ကဗျာလေးဖတ်ပြီး .. အဝေးက သူငယ်ချင်းတွေကိုတောင်
    ပိုပြီး သတိရမိတယ်ဗျာ
    Anonymous said...
    လင်းမောင်
    ကဗျာ
    Anonymous said...
    လင်း မောင် မောင်
    သူ ငယ် ချင်းဆိုတာ ချစ်သူထက်ကို ပို ပြီးအ လေးထားပို့
    ကောင်း ပါ တယ် ကျွန် တော့် အတွက် တော့.....

Post a Comment