နောက်က လိုက်လာတဲ့ ခြေလှမ်းတွေကို မမှီဘူး..
ကိုယ်က..ဒီဇင်ဘာမှာကျန်ခဲ့တယ်.. .။
ကယောင်ကတမ်း စကားလုံးတွေ ...
အံ့အားသင့်နေတဲ့ မျက်ဝန်းတွေ...
အသက်ရှူသံ ခပ်ပြင်းပြင်းတွေ နဲ့ အတူ...
တရစ်ဝဲ၀ဲ.... ကိုယ့်ဝိညာဉ် က...
အဲ့ဒီ ဆိတ်ဆိတ်ငြိမ်ငြိမ်ကော်ဖီဆိုင်ေ လးထဲမှာ...။
ရှုံးမှာကြောက်တဲ့စိတ်နဲ့ ...
နောက်ဆုတ်မိလိုက်တဲ့ စကားလုံးတွေကြားမှာ...
အမှန်တွေ ဘယ်လောက် ရာခိုင်နှုန်းများ ပါသွားသလဲ...
ဒီလိုပဲ...
ကိုယ်က သာမာန်အတ္တကြီးသူတယောက် လည်း...ဖြစ်ခဲ့တယ်...။
ကိုယ်က ဒီဇင်ဘာမှာ ကျန်ရစ်တယ်...
သွေးရောင်လွှမ်းနေ မယ့်..အနာဂတ်ကို မေ့ထားဖို့ ...
မာယာများတဲ့ စကားဝှက်တွေကို မသင်ကြားဖို့ ...
အိပ်မက်တွေရဲ့ အတိတ်နမိတ် ကို မေ့ထားဖို့ ...
မျက်ဝန်းတွေရဲ့ အတိမ်အနက် ကို...အကဲမဖြတ်မိဖို့ ...
အဲ့ဒီ ၀ဋ်နာကံနာ တွေထဲ ကိုယ့်ကို လက်လွှတ်စပယ် ပစ်ချမထားခဲ့ခင်...
.............................. ..................။ ။
ကဏ္ဍ - ခံစားမှု
1 Comment:
Subscribe to:
Post Comments (Atom)
သွေးရောင်လွှမ်းနေ မယ့်..အနာဂတ်ကို မေ့ထားဖို့ ...
မာယာများတဲ့ စကားဝှက်တွေကို မသင်ကြားဖို့ ...
အိပ်မက်တွေရဲ့ အတိတ်နမိတ် ကို မေ့ထားဖို့ ...
မျက်ဝန်းတွေရဲ့ အတိမ်အနက် ကို...အကဲမဖြတ်မိဖို့ ...
အဲ့ဒီ ၀ဋ်နာကံနာ တွေထဲ ကိုယ့်ကို လက်လွှတ်စပယ် ပစ်ချမထားခဲ့ခင်...
သိပ်ကောင်းတယ် အကို ကူသွားပြီး ညီမရေ