အိပ်မက်နံရံတွေကြား...
ခွင့်လွှတ်တယ် ဆိုတဲ့စကား...
ကျမ မကြားလိုက်ရပါလား......
လိုအပ်မယ်မထင်လို့  မပြောဖြစ်ခဲ့တဲ့ စကားက...
ကျမကို ချစ်တယ်… တဲ့လား.....
မကြားနိုင်လောက်အောင် ဝေးကွာနေတဲ့ ...
လက်တကမ်းမှရင်ဘတ်နှစ်ခုစာ အကွာအဝေး အတွက်...
အာခေါင်ခြစ်အော်သံ တချို့ နဲ့ ...
ကျမဆန္ဒပြချင်တယ်....
သူလား...
မာနများကို စားသုံး၍ ...
အတ္တ နဲ့ တသားတည်းကျနေသူ...
အရောင်လွင့်နေတဲ့ မျှော်လင့်ချက်များနဲ့ ...
ဝါးမြိုခံ စိတ်ကူးများ...
တဟပ်ဟပ် လောင်မြိုက်...
နံဘေးကို ငဲ့မကြည့်မိတော့အောင်...
ကျမစုံလုံးကန်းနေချင်တယ်...
လိုချင်နေတာ မဟုတ်တဲ့...
လိုအပ်ခြင်းတခုဆိုတာကျမ သိတယ်...
လေလွင့်ရာ မျောနေတဲ့ စကားသံတွေကြား...
ကျမတို့ ပြိုင်တူလိမ်တယ်...
ပြီးတော့...ပြိုင်တူရယ်တယ်...
သီချင်းသံပြိုင်ဆိုကြတယ်... အလွမ်းသံပြိုင်ငိုကြတယ်...
စိုက်ကြည့်တယ်...သက်ပြင်းချတယ်...
နောက်ဆုံး...
နားမလည်နိုင်လောက်တဲ့ နားလည်မှုတွေနဲ့ ...
ပြတ်ပြတ်သားသား နားလည်လိုက်ကြတယ်...
မျက်ရည်...
အိပ်မက်...
သုံးစားလို့ မရတော့တဲ့ ...
စိတ်ကူးမျှော်လင့်ချက်တွေ....
ဖတ်လက်စ ကဗျာစာရွက်များကြား....
သူ့ ရယ်သံ လွင်လွင်လေးများ....
ပုံဆောင်ခဲတခုပေါ် ချပြလိုက်ဖို့ လဲ...
ကျမ ရင်ဘတ် သန ပါရဲ့ ....
တချို့ သူတွေခံစားဖူးရင်...သိမယ်....
သူတပါးတွေ အမြင့်ပျံဖို့ တောင်ပံခတ်နေချိန်မှာ...
မြေပြင်ပေါ် အားစိုက်သက်ဆင်းနေရတာ...
ဘယ်လောက်ထိအောင် ရင်နာဖို့ ကောင်းမယ်မှန်း.... ။ ။
ကဏ္ဍ - ကဗျာ
3 Comments:
Subscribe to:
Post Comments (Atom)
ရေးထားတာ ကောင်းတယ် ..း))
ခင်မင်လျှက်
ဆောင်းနှင်းရွက်
မာနများကို စားသုံး၍ ...
အတ္တ နဲ့ တသားတည်းကျနေသူ...
အရောင်လွင့်နေတဲ့ မျှော်လင့်ချက်များနဲ့ ...
ဝါးမြိုခံ စိတ်ကူးများ...
တဟပ်ဟပ် လောင်မြိုက်...
နံဘေးကို ငဲ့မကြည့်မိတော့အောင်...
စာပိုဒ်လေးက တော်တော်ထိတယ်
သိပ်ကောင်းတယ် နွေးရေ