မလာပါနဲ့ ဒီဇင်ဘာရယ်....
ငါ့ရာသီထဲ မိုးတွေရွာနေတုန်းပဲ...
ဒီအလွမ်းဟာ လည်း မချေမငံ နဲ့ ငါ့ကို ကျိန်ဆဲတယ်...
နှင်းဆီတွေမရှိပါဘူး... ကောင်းကင်ပြာပြာကြီးလဲ မရှိဘူး...
ငါ့ပတ်ဝန်းကျင်မှာ စပရိန်မျက်နှာတွေနဲ့  ...
သဘာဝလွန် အဲယားကွန်း တွေရှိတယ်....
ရင်ခုန်သံတွေ ပျောက်ရှ..
အဲ့ဒီ အမှောင်ညထဲ က ချစ်သူ့ အမုန်းတွေကလဲ...
လတ်တလော ရာသီဥတုကြောင့် …
ထထ လောင်တယ်....
မင်းးး... သွားပါ.....
လှောင်ရယ်သံတွေနဲ့ ...ဟိုးးး အဝေးဆုံးတနေရာ......
နေခဲ့ပါရစေ....သို့ တည်းမဟုတ်....
ကြွေနှင့်ပါရစေ....
ပြုံးမနေနိုင်ခဲ့တာကလွဲလို့ ...
ဟန်မဆောင်ချင်တော့တာကလွဲလို့ ...
ပြီးတော့...
ဝေးသွားခဲ့တာလား...ဝေးခဲ့ရတာလား...
ငါမသိချင်တော့တာ ကလွဲလို့ .....
သွားတော့ ဒီဇင်ဘာ...
ဝေဒနာတွေ ဒဏ်ရာတွေ လိုသေးလို့ လား...
နာကျင်တတ်တဲ့ နှလုံးသားတစုံတောင်..
မင်းစေစားခဲ့သလို...ထုံကျင်အေးခဲလို့ ...
ခံစားချက်မှန်သမျှ...
ရက်ရက်ရောရော လက်ခံနေတတ်ခဲ့ပြီ... ။ ။
ကဏ္ဍ - Missing December
1 Comment:
Subscribe to:
Post Comments (Atom)
ရက်ရက်ရောရော လက်ခံနေတတ်ခဲ့ပြီ... ။ ။
အဲဒါကတော့ နွေးနဲ့ ဇူး တူနေပြီ..
ဇူးကတော့ လက်မခံချင်လည်း လက်ခံနေရတာပဲ... ဆိုတော့း)