သိပ်လှပတဲ့မျက်လှည့်တကွက်…
တသက်လုံး အပင်ပန်းခံ ရင်ကွဲအောင်ကခဲ့ ရတဲ့
ဇာတ်လမ်းတပိုဒ် မှာ
ငါဟာ မင်းသမီးတလက် မဟုတ်ခဲ့ဘူး…။
မကြေငြာပါနဲ့ 
တမင်ရင်နာခံ ပြီးတော့ကို
ငါ့ ကိုယ်ငါ လှည့်ထွက်ခဲ့တာပါ…
တစတစ ဝေးကွာသွားတဲ့
မိုင်တိုင်လေးများဆီမှ
မဆုံနိုင်ခြင်းဆိုတဲ့ ဝေါဟာရ
ပီပီသသ ကြားတယ်…။
မ မှန်တော့တာကလွဲ လို့ 
ငါတို့ မမှားခဲ့ကြပါ ချစ်သူရယ်…
ရင်တခု လုံးနဲ့ ထပ်လောင်း
ရှုံးခဲ့ရတဲ့ အကြောင်းတွေ ပြောပြမယ်…။
နာကျင်မှုခြင်းညီမျှ တောင်
တမင် ကခဲ့ရတဲ့ ဇာတ်တစ်ကွက်ပါ ချစ်သူ
ရင်ကွဲ ခံ ဇာတ်လမ်း အတွက်
ဟောဒီက ရင်ဘတ်တခြမ်းကလွဲ လို့ 
ဘယ်သူမှ ကြိုမလွမ်းခဲ့ရပါဘူး….။
တောင်းပန်တယ် ဆိုတဲ့စကားနဲ့ 
ကိုယ့်ကို မကျိန်ဆဲပါနဲ့  ချစ်သူ
ယုတ္တိ မရှိတဲ့ အမှန်တရားတခု အတွက်
ခေါင်းမော့ရင်းတချက် ငါ ပြုံးပြခဲ့ချင်တယ်…။
နှလုံးသားတရာသီ စာလုံး ပျိုးခဲ့တဲ့
ချစ်ခြင်းအတွက် …
နာကျင်ခြင်းတစုံတရာ ထပ်ပေးခဲ့ပါ….ချစ်သူ
ငါကိုယ် ငါ …
မျှော်လင့်ခြင်းတွေ နဲ့ လိပ်ပြာခွဲတတ် စေ ဖို့ …လေ ...။ ။
ကဏ္ဍ - ကဗျာ
2 Comments:
Subscribe to:
Post Comments (Atom)
သိပ်ကောင်းတဲ့ ခံစားမှု့ကဗျာလေးပါ .. နွေးရေ...
ငါတို့ မမှားခဲ့ကြပါ ချစ်သူရယ်…
ရင်တခု လုံးနဲ့ ထပ်လောင်း
ရှုံးခဲ့ရတဲ့ အကြောင်းတွေ ပြောပြမယ်…
ဘယ်လောက်ပဲရှုံးပစေ မဆုံးပါစေနဲ့လို့ဆုတောင်းပေးပါတယ်...
"မင်းကိုချစ်တဲ့သူ"