သံသယတွေ က..ငါတို့ ကြားမှာ အနေအထား ခက်စေတယ်...
နင်ဟာ ငါ့ရဲ့ တဦးတည်းသော ခိုလှုံရာလေး...
ဒါဟာ အလွယ်တကူ ပျက်ရွေ့ မသွားနိုင်တဲ့ ၀ါကျလေးတကြောင်းလဲ ဖြစ်တယ်...
အရောင်လွင့်နေတဲ့ ငါ့ဘ၀အတွက်..ဆေးရောင်လှလှ နင်ချယ်သခဲ့သလို....
တသက်မှာတခါ လို့ (ငါထင်တဲ့) နင့်အပြစ်တွေ အတွက်...
ငါ့နှလုံးသွေးတွေနဲ့ ဆေးကျောပေးခဲ့ဖူးတာ မမေ့ပါနဲ့ ....
ပတ်ဝန်းကျင်ဆိုတာ...ငါတို့ အတွက် တံတားတစင်းဖြစ်နိုင်သလို..
ပတ်ဝန်းကျင်ဆိုတာကပဲ...ငါတို့ ရင်ကိုထုတ်ချင်းခတ်မယ့် မျှားတစင်းဖြစ်လာနိုင်တာ
နင်တယောက် သတိမှရပါစလေ...
တခါတလေ နေသာချင်သာမယ်...
တခါတလေ မိုးရွာချင်ရွာမယ်....
တခါတလေ...
သံယောဇဉ်နဲ့ သိခဲ့တဲ့ အသိတွေကြားမှာ...
ထိထိခိုက်ခိုက်ဖြစ်မိတာလဲ ရှိမယ်...
တခါတလေ နင်သိတဲ့ ငါ့ရင်ဘတ်ထဲမှာ...
နင်မသိတဲ့ ငါ့ပုံရိပ်တွေ ရှိကောင်းရှိနေနိုင်လိမ့်မယ်...
ဒါပေမယ့် တခါတလေ…
အတုမရှိတဲ့ အစစ်တွေ ထက် အတုရှိတဲ့ အစစ်တွေ က
ပိုပြီး တန်ဖိုးတက် တတ်တာလဲ… နင်မေ့မေ့ပျောက်ပျောက်မထားပါနဲ့ ….
မျှော်လင့်ခြင်းဆိုတာ… အနာ မရှိပဲ ကြိုသောက်နေကြတဲ့ ကာကွယ်ဆေးလိုပဲ…
ထိရောက်တယ် ၊ မထိရောက်ဘူး..ဘယ်ပြောနိုင်ပါ့မလဲ…
ငါ့အတွက် တချို့ အနာဂတ်တွေ ဟာ.
.ပစ္စုပ္ပန် ဆီရောက်ရောက်လာတတ်ပြီး..
တချို့ အနာဂတ်တွေဟာ…
မျက်စိအောက် မှာတင် ..
ကျကျ ပျောက်သွားတတ်တာမျိုးလေ…
သေချာတယ်...
ငါဟာ တွယ်ချိတ်တချောင်း တော့ မဖြစ်ကောင်းခဲ့ပါဘူး...
မေတ္တာ တရားကို အထက် အောက်လွှဲမပေါင်းဖို့ ...
ရေနစ်သူ ၀ါးကူထိုးခဲ့တဲ့ ပုံမျိုး...
တမင်တကာ အရောင်ဆိုးခဲ့ရတာ …
အဲ့တာ……..
---------------ငါ………………..
………..မဟုတ်ဘူး.............
……………………………..
ဖြစ်နိုင်မယ်ဆိုရင် မလိုအပ်ပဲနဲ့ …ထပ်မညာပါနဲ့ …
ငါလဲ ကိုယ့်မာန နဲ့ ကိုယ် လင်းခဲ့ ချင်းခဲ့ ဖူးသူတယောက်ပဲ…
အမာရွတ် ဆိုပေမယ့်လည်း...
အထပ်ထပ်ခွါတော့ နာတယ်.......။ ။
ကဏ္ဍ - ရေးချင်တာ
5 Comments:
Subscribe to:
Post Comments (Atom)
ငါလဲ ကိုယ့်မာန နဲ့ ကိုယ် လင်းခဲ့ ချင်းခဲ့ ဖူးသူတယောက်ပဲ…
မိနွေး အရမ်းကောင်းတဲ့ ကဗျာလေး အကို့အတွက်တော့ အခု ထိရှနေစေတဲ့ ကဗျာလေးပါပဲး))
ခင်မင်စွာဖြင့်
ဗညားရှိန်
အထပ်ထပ်ခွါတော့ နာတယ်.......။
သိပ်ကြိုက်တယ်... အဲဒီစကားလေးကို...
(ဗညားက အကိုဆိုတော့ နွေးက ဇူးထက်တော်တော်ငယ်မယ်... ဗညားတောင် ဇူးထက်ငယ်တယ်လေ... )
ခင်မင်စွာဖြင့်
ဇူး
ဆုလည်းသူများတွေလိုပဲ အောက်ဆုံးပိုဒ်ကို ပိုကြိုက်တယ်သိလား............စာလုံးတွေက အလန်းကြီးပဲနော်....... ခင်လျှက်
ပတ်ဝန်းကျင်ဆိုတာကပဲ...ငါတို့ ရင်ကိုထုတ်ချင်းခတ်မယ့် မျှားတစင်းဖြစ်လာနိုင်တာ
နင်တယောက် သတိမှရပါစလေ...
တခါတလေ နေသာချင်သာမယ်...
တခါတလေ မိုးရွာချင်ရွာမယ်....
တခါတလေ...
သံယောဇဉ်နဲ့ သိခဲ့တဲ့ အသိတွေကြားမှာ...
ထိထိခိုက်ခိုက်ဖြစ်မိတာလဲ ရှိမယ်...
တခါတလေ နင်သိတဲ့ ငါ့ရင်ဘတ်ထဲမှာ...
နင်မသိတဲ့ ငါ့ပုံရိပ်တွေ ရှိကောင်းရှိနေနိုင်လိမ့်မယ်...
ဒါပေမယ့် တခါတလေ…
အတုမရှိတဲ့ အစစ်တွေ ထက် အတုရှိတဲ့ အစစ်တွေ က
ပိုပြီး တန်ဖိုးတက် တတ်တာလဲ… နင်မေ့မေ့ပျောက်ပျောက်မထားပါနဲ့ 
ထိတယ် တကယ်ပဲ။ စိတ်ထဲမှာထပ်တူပဲ ဖြစ်နေမိတယ်။ ကဗျာမရေးတတ်လို့သာ...