မြတ်နိုးခြင်း ...မိုးရေစက်ကလေး သို့ ... ( For 29 June'2010)
ရေးသားသူ - နွေးနွေးသဲမွန် အချိန် 11:51 PMကျမရဲ့ ….မိုးရေစက်ကလေး ပေါ့…
အေးချမ်းမှုတွေ နဲ့  ဖြစ်တည်…
မြတ်နိုးမှု သံစဉ်တွေ ဖွဲ့ ….
အဲ့ဒီ…
ချစ်သူရဲ့ ရယ်သံဖွဖွလေးမှာ နစ်မြော….
တရံရော အခါက အတ္တတွေလဲ မေ့နေရောလေ…
နူးနူးညံ့ညံ့ ချစ်ခြင်းမို့ ….
သူခင်းပေးတဲ့ လမ်းတလျှောက်…
ကျမ ယုံယုံကြည်ကြည်နဲ့ အပြေးရောက်ခဲ့…
ချစ်သူရဲ့ အပြုံး…
တဘ၀လုံးစာ… လုံလောက်တယ်….
အဲ့ဒီ…
ဂျွန်လ ရဲ့ မိုးရေစက်ကလေးတစက် က…
ကျမရဲ့ ဒုတိယ အသက်ဖြစ်လေရဲ့ ….
ချစ်သူရဲ့ စိတ်နှလုံးအတွက်…
ထာဝရ ပျော်ရွှင်မှု အလုံးစုံ…
ချစ်ခြင်းရဲ့ ရာသီစာ တသက်…
ကြင်နာခြင်းသာ…ထာဝရ ဆက်ပါရစေ…။ ။
<<<< ချစ်သူရဲ့ မင်္ဂလာရှိသော မွေးနေ့ ကလေးမှာ...ပျော်ရွှင်ပါစေ..
ကဏ္ဍ - Birthday of my VIP
4 Comments:
Subscribe to:
Post Comments (Atom)
မိသားစု နွေးထွေးပျော်ရွှင်ပါစေ..
သူခင်းပေးတဲ့ လမ်းတလျှောက်…
ကျမ ယုံယုံကြည်ကြည်နဲ့ အပြေးရောက်ခဲ့…
ချစ်သူရဲ့ အပြုံး…
တဘ၀လုံးစာ… လုံလောက်တယ်….
ပျော်ရွင်သည်ထက် ပိုပျော်ရွင်နိင်ပါစေ ညီမလေးနွေးရေ ခံစားချက်ကဗျာမို့ထင်တယ် အရမ်း ဖတ်လို့ကောင်းတယ်း))
ခင်မင်တဲ့
နေ၀သန်
မိုးခါး