ချစ်သူ ကပြောဖူးတယ်….
တော်ရာမှာ ပျော်အောင်နေတတ်ရမယ်တဲ့လေ…
ချစ်သူမကြားအောင် တိုးတိုးလေး သက်ပြင်းချခဲ့မိတယ်…
အဲ့ဒီတော်ရာမှာ မတော်တရော်တွေ အားလုံးနဲ့ မွန်းကျပ်နေကြတာ..
ချစ်သူမှ သိပါလေစကွယ်…
ချစ်သူက အနာဂတ်ကိုယုံကြည်တယ်…
ကျမက ပစ္စုပ္ပန်ကို ဖြတ်သန်းတယ်…
ပြီးတော့ တခုတ်တယ လုပ်ယူရတဲ့ တယုတယတွေကိုမုန်းတယ်….
ချစ်သူက ကျမ မိန်းမ မဆန်တဲ့အကြောင်း…
မကြာခဏပြောတယ်…
ကျမ က တော့ ချစ်သူဟာ ယောင်္ကျားဆန်သလားလို့ ..
တခါမှ မတွေးမိခဲ့ဘူး….
အဲ့ဒီလို…
တကူးတက တွေးယူပြီး တမင်တကာ အပြစ်ရှာရမှာကို မုန်းတယ်….
ကျမ ကသဘာဝရဲ့ ဖြစ်တည်မှုကို တန်ဖိုးထားတယ်…
ချစ်သူက လူသားတွေရဲ့ ဖန်တီးမှုကို တန်ဖိုးထားတယ်…
ဒါပေမယ့်….
ချစ်သူက ကျမကိုတန်ဖိုးထားသလို ကျမက ချစ်သူကို အလေးအနက်ထားတယ်….
ကျမက မျက်ဝန်းတစုံရဲ့ အကြည့်ကိုရင်ခုန်တယ်…
ချစ်သူက နှုတ်ခမ်းတစုံရဲ့ အထိအတွေ့ ကိုရင်ခုန်တယ်….
ဒီလို နဲ့ ကျမတို့ အချစ်အကြောင်းတွေ အတူတူ ဖွဲ့ နွဲ့ ခဲ့ကြဖူးတယ်….
ချစ်သူက အဆိုးတွေဟာ သူ့ အတွက် အကောင်းဖြစ်တယ်လို့ လက်ခံတယ်…
ကျမ အတွက်တော့ လူတွေသတ်မှတ်တဲ့ အကောင်းတွေ ကတခါတလေ ဆိုးဆိုးရွားရွား နိုင်နေတတ်တယ်…
ဒါကြောင့်…
ချစ်သူနဲ့ ကျမဟာ အကောင်းနဲ့ အဆိုးကို နာမည်မတပ်ပဲ ဝေမျှလက်ခံယူခဲ့ကြတယ်…။ ။
4 Comments:
Subscribe to:
Post Comments (Atom)
ချစ်သူက နှုတ်ခမ်းတစုံရဲ့ အထိအတွေ့ ကိုရင်ခုန်တယ်….
ဒီလို နဲ့ ကျမတို့ အချစ်အကြောင်းတွေ အတူတူ ဖွဲ့ နွဲ့ ခဲ့ကြဖူးတယ်….
ဘာပဲဖြစ်ဖြစ် ချစ်ခြင်းဟာ အားလုံးကိုညှိပေးတဲ့ သံယောဇဉ်ကြိုးလေးပါပဲ . . . ဘာပဲ မတူတူ သူကပဲညှိပေးသွားတယ်း))
အရေးအသားက အပြည့်အ၀ အဓိပါယ်ပေါ်လွင်တယ် မိနွေးး)
စာသားလေးတွေကလည်း နုလိုက်တာတအား။
မိုက်စ်...