အခုတော့လည်းအရာအားလုံးဟာ..
မယုံနိုင်စရာကောင်းလှအောင်
နာကျင်စရာကောင်းလောက်အောင်...
ကြေကွဲတိတ်ဆိတ် ပြီးဆုံးသွားခဲ့ပါပြီ....
ကောင်မလေးတယောက်ရဲ့ 
ဟင်းလင်းပွင့်နေတဲ့နှလုံးသားတခုထဲမှာ
ဘာတွေကိုများထပ်ပြီးမျှော်လင့်ထားနိုင်ဦးမှာလဲ...
ကို့ ရဲ့ အခါလွန်နောင်တတွေက ကျမ ကိုတိတ်တဆိတ်ကျိန်ဆဲတယ်...
တကြိမ်တခါမက ပွင့်ကာပြခဲ့ပေမယ့်လည်း...
ရနံ့ မဲ့ခဲ့တဲ့ကျမအတွက်
ကို့ အမူအယာတွေက လည်း
အမှုမှတ်မဲ့ခဲ့ပါတယ်...
နာကျင်မှုအမျက်တွေ သွေးစိမ်းရှင်ရှင်ထွက်ခဲ့ရပေမယ့်
ငါကိုယ်တိုင်ရေးမယ့် ငါ့သမိုင်းကြောင်းမှာ
စာတကြောင်းတလေတောင်မှ မရိုင်းစေခဲ့ရပါဘူး
ရေရာမှုနတ္တိ ၊ မရေရာမှုတွေပဲ တိတိကျကျ
တချိန်တခါကရယ်သံလွင်လွင်လေးတွေ...
မိုင်ပေါင်းများစွာတလျောက်က
စကားသံတွေအားလုံးပျောက်ဆုံးခဲ့ ရ ပေါ့... ။ ။
8 Comments:
Subscribe to:
Post Comments (Atom)
အေးလေ
နွေးက ရှင်းထားပြီးသားကို
ပန်ပန်စာကိုကုန်အောင် မဖတ်ဘူး :D
နောင်တတွေ ဝေးပြီး နွေး သူငယ်ချင်းလည်း အမြန်ပျော်နိုင်ပါစေ နွေးရေး)
ကဗျာနှစ် ပုဒ်ကိုကြည့်ပီးစဉ်းစားနေတာ
ဘာဖြစ်ပါလိမ့်ပေါ့
တော်ပါသေးရဲ့
ပျော်ရွှင်ပါစေ
ငါကိုယ်တိုင်ရေးမယ့် ငါ့သမိုင်းကြောင်းမှာ
စာတကြောင်းတလေတောင်မှ မရိုင်းစေခဲ့ရပါဘူး..
ကောင်းလေတဲ့ ကဗျာလေး...
"ကို့ ရဲ့ အခါလွန်နောင်တတွေက ကျမ ကိုတိတ်တဆိတ်ကျိန်ဆဲတယ်...
တကြိမ်တခါမက ပွင့်ကာပြခဲ့ပေမယ့်လည်း...
ရနံ့ မဲ့ခဲ့တဲ့ကျမအတွက်
ကို့ အမူအယာတွေက လည်း
အမှုမှတ်မဲ့ခဲ့ပါတယ်..."
ဒီအပိုဒ်လေးကို တော်တော်လေး ကြိုက်သွားမိတယ်။
ငါကိုယ်တိုင်ရေးမယ့် ငါ့သမိုင်းကြောင်းမှာ
စာတကြောင်းတလေတောင်မှ မရိုင်းစေခဲ့ရပါဘူး”
မြိုသိပ်နိုင်စွမ်းအား ကြီးတဲ့ ရင်တွင်းက ပွင့်ကျလာတဲ့ နာကျည်းသံလေးပါလား.........။
အကိုကြီးကော်ယူလာမယ်လေ
ကွဲနေတာလေး ကပ်ပေးမလို့ 
ဟီးးးး
ပြောဖြစ်အောင်ပြောလိုက်နော်....
ချစ်ခင်စွာဖြင့်
ဖိုးစိန်