သီချင်းလေးတွေ ချန်ထားခဲ့ပြီး
ကို' ထွက်သွားတဲ့နေ့ မှာပေါ့......
ဆွံ့ အနေတဲ့ နှလုံးသားက
နှုတ်ဆက်ခွင့်လေးတောင် မရနိုင်ပါဘူးလေ...
အမှောင်ယံ ထဲမှာကျန်ရစ်ခဲ့တဲ့
ကို့ 'ရဲ့ အရိပ်အငွေ့  သံစဉ်လေးတွေကမှ
လေ အဝေ့နဲ့ အတူ...ကျမ နားထဲကြားယောင်လို့ 
နှုတ်ဆက်မှု တစုံတရာကိုပေးခဲ့ပါသေးတယ်...။
ကို'ရေ.....
ကျမ ပေးလိုက်နိုင်တာကတော့
ဘယ်လိုမှ မေ့မရနိုင်တဲ့.....ချစ်ခြင်းတွေဖြစ်ပြီး
ကို' ပေးခဲ့နိုင်တာကတော့
အေးစက်တည်ငြိမ်တဲ့ .......
ဥပက္ခာ ခြေသံတွေပဲ.....ဖြစ်မှာပါလေ........။ ။
ကဏ္ဍ - ငယ်ငယ်က ကဗျာ...
9 Comments:
Subscribe to:
Post Comments (Atom)
ဓါတ်ပုံ..နဲ့ ..ကဗျာခေါင်းစဉ်နဲ့ လိုက်တယ်..
ပျော်ရွှင်ပါစေ..
သူ့ရင်ထဲမှာလည်း တစ်စုံတစ်ခုတော့ ခံစားမိမှာပါ...။
ပျော်ရွှင်တဲ့ ဘဝခရီးကို လျှောက်လှမ်းနိုင်ပါစေအစ်မ..
နော်
လမ်းခွဲဖို့စကားမဆိုပါနဲ့ 
း)
ချစ်ခင်စွာဖြင့်
ကိုကြီး
ဖိုးစိန်
ကဗျာလေးနဲ့ ဓာတ်ပုံလိုက်တယ်
ဥပက္ခာ ခြေသံတ္ဂေ..........နဲ့
တည်ငြိမ်စ္ဂာလျောက်လှမ်း ရင်း
ပျော်နိုင်ပါစေ.....
ကဗျာလေးက ထုံးစံအတိုင်း ကောင်းတယ်..
နောက်မှာ labels မှာ ငယ်ငယ်က ကဗျာ ဆိုလို့ 
စိတ်ပေါ့သွားတယ်..။
ဟူးး
မလွယ်ဘူးကွယ်
ပြီးမှ ဟိုတယောက် စိတ်ကောက်ပြီး ရုပ်ရှင်တယောက်တည်း သွားကြည့်နေဦးမယ်
:D
မိုးခါး
ပျော်ရွှင်ကြပါစေ.