လမ်းကျဉ်းလေးထဲ မှာ မျက်ဝန်းတစုံရှိတယ်
ကာရန်မဲ့သွားခဲ့တဲ့ ကဗျာဆရာ တယောက်ရဲ့ မျက်ဝန်း…
စိတ်ပျက်လက်ပျက် မကြည့်နဲ့ 
အဲ့ဒီ ဆုံးဖြတ်ချက်တွေ နေမထွက်တတ်တော့တာကြာပြီ
“ ငါ အရာအားလုံးကိုမေ့လိုက်ပြီ… သတိမရချင်တော့ဘူး “ တဲ့
ကျမ ကတော့ “ အရာအားလုံးကို သတိရလိုက်ချင်ပြီ…
မေ့ထားခဲ့ရတာကြာပေါ့ “ လို့ 
၁၇ နှနှစ်မိန်းကလေးတယောက်ရဲ့  ဇယ်ခုတ်နေတဲ့ လက်နှစ်ဖက်မှာ
ဘာမာယာမှ မပါခဲ့ဘူး….
အသိဥာဏ်တွေလွင့်ပျောက်ခဲ့ရတဲ့
အနာဂတ်မဲ့ချစ်ခြင်း တွေမရှိဘူး…
Gucci ဖိနပ်တရံ နဲ့ KOSE တစ်ဆက် အစား
ချိုမြမြ မာလကာသီးတလုံးကိုသာ သူပူစာတတ်ခဲ့တာ…
သူ့ ဆီမှာ ခပ်မဲ့မဲ့ ပြုံးတတ်တဲ့ နှုတ်ခမ်းတစုံမရှိဘူး…
ငိုကြွေးနေတဲ့ သူငယ်ချင်းတယောက်ကိုနှစ်သိမ့်ဖို့ 
လုံလောက်တဲ့ စိတ်ဓါတ်အင်အားတွေရှိခဲ့တယ်…
ယုံကြည်ချက်တခု ပျောက်ဆုံးသွားတဲ့အခါ
ခေါင်းမော့ရင်းဟားတိုက်တတ်တဲ့
ခုလို လှောင်ရယ်သံတချက် သူ့ မှာမရှိခဲ့ဘူး…
လမ်းပျောက်နေတဲ့သူတယောက်ကို
လမ်းပြဖို့ လုံလောက်တဲ့ စိတ်ရှည်သည်းခံခြင်းတွေ
သူ့ မှာရှိတတ်ခဲ့တယ်…
မေ့ထားခဲ့ရတာ ကြာတော့ လည်းကျမ အရာအားလုံးကိုသတိရတတ်ပြီ…
အရင် က “ ဖြစ်လာမှာပါ “ လို့ ပြောတတ်ပေမယ့်… အခုတော့ “ ဖြစ်တတ်ပါတယ် “ လို့ ပဲပြောမယ်..
ကျဆုံးမှုဆီက စကားအသုံးအနှုန်းတွေ တိုင်းမှာ မျှော်လင့်ချက်တွေ ပျက်သုန်းခဲ့ပြီ..
လမ်းကျဉ်းလေးထဲ မှာ စကားပြောတတ်တဲ့ အိပ်မက်တခုရှိတယ်…
သူက ဆိုတယ်… “ အိပ်မက်တော့အိပ်မက်ပဲ ဒါပေမယ့် လာပြီးတော့ အပိုင်မတွက်နဲ့ ” တဲ့
ဘာရယ်တော့မဟုတ်ပါဘူး
ဘယ်လိုပဲဖြစ်ဖြစ်ပါ ၀ိသေသတစ်ရပ်ကိုလည်းဘယ်တော့မှအမှန်မတွက်နဲ့ ....။ ။
ကဏ္ဍ - ရေးချင်တာ
7 Comments:
Subscribe to:
Post Comments (Atom)
ခံစားမူအပြည့်နဲ့  ဖတ်သွားပါတယ်
ပျော်ပါစေ
ခင်မင်လျှက်
အဆိပ်ခွက်
ငိုကြွေးနေတဲ့ သူငယ်ချင်းတယောက်ကိုနှစ်သိမ့်ဖို့ 
လုံလောက်တဲ့ စိတ်ဓါတ်အင်အားတွေရှိခဲ့တယ်…
ကောင်းလိုက်တာနော်...
ကြိုက်တယ်
း)