ရင်ခွင် တပြင်လုံး
တ၀ုန်းဝုန်းပြိုကျခဲ့ရင်တောင်
ဒီနေရာမှာ ငါရပ်နေခဲ့ဦးမယ်…
ဒီ့ထက် ပိုဝေးလည်း ဒီ့ထက်ပို မဝေးနိုင်တော့တဲ့
အတွေးတွေ နဲ့ 
ငါတို့ တွေ ရင်ဘတ်ချင်းကိုက(မှ) မနီးစပ်ကြတာ…
ငါ့ဘေးနားမှာ အရိပ်တခု ရှိနေရက်ကတောင်
ငါ့ခေါင်းပေါ်မှာ အမိုးအကာတခုတလေသော်မှ
မရှိခဲ့တဲ့ နေ့ ရက်တွေ….
ကျန်ခဲ့ပြီ….လေ….
အတိတ်ကိုတွေးမိတိုင်း
ရောက်ရာအရပ်မှာ ငါဟာ ခြေစုံရပ်မိတယ်…။
မလွမ်းတတ်တဲ့ သူတယောက်အတွက်
အနမ်း လက်မဲ့ နေ့ ရက်တွေမှာမပျော်တော့ဘူး….
အိပ်မက်မက်ဖို့ ဆိုတာအတွက်လည်း
ဘ၀ က ညတာ တိုတောင်းလွန်းတယ်…။
အာရုံမှ မရတော့လည်း…
ပတ်ဝန်းကျင် က အသံတွေလဲ
ငါက မကြားဘူး
ငါ့လိုဂျစ်ပစီမလေး တယောက်အတွက်က
ရွှေလင်ဗန်း တချပ် မလိုအပ်ပါဘူး…
နွေးထွေးတဲ့ကမ်းလက် တဖက်ပဲ လိုခဲ့တာ...။
အတိတ်ကို လှည့်ငေးမိတိုင်း
မျက်ဝန်းတွေက ညိုတယ်….
ပစ္စလက်ခတ်နေ့ ရက်တွေအတွက်
အနာဂတ်တွေက ငိုတယ်…
နံရံတဘက် ကညဉ်းတွားသံ
ခပ်သဲ့သဲ့ကြားတယ်…
နှုတ်ခမ်းတွန့် ရုံနဲ့ တော့ ငါပြုံးပြ မနေချင်တော့ပါဘူး…
နောင်တဆိုတာ တခုအတွက်နဲ့ 
ငါ့ကိုယ်ငါ ပါးပြင်ပေါ် လိမ့်ဆင်းပြရမှာရှက်သတဲ့…
ငါ့ မျက်ရည်တွေက ရယ်သွမ်းသွေးရင်း ဆိုတယ်….။ ။
ကဏ္ဍ - ကဗျာ
ပတ်ဝန်းကျင် က အသံတွေလဲ
ငါက မကြားဘူး...
ဒါပေမယ့် တို့ က အရင် မန့်ခဲ့တယ်..
ပျော်ပါစေ....
ငါ့ခေါင်းပေါ်မှာ အမိုးအကာတခုတလေသော်မှ
မရှိခဲ့တဲ့ နေ့ ရက်တွေ….
အရိပ်တခုနဲ့ မလုံလောက်ရင်လဲ
အရိပ်ထဲကထွက်ပြီး အမိုးအကာအောက်ကိုပြန်သွားပေါ့
ပြက်လုံးတောင် - ဂျစ်ပစီပြက်လုံး ဆိုပါလား - ငါ့ညီမလေး။
အတွေးအားကောင်း အရေးအားကောင်း။
ဘယ့်နှယ်လို့များ စကားလုံးတွေ ရင်ဘတ်ထဲက ထွက်ကျနိုင်ပါလိမ့်။
၂၉ ရက်နေ့မှာ ချစ်သူ့မွေးနေ့ စာဖွဲ့ ပြီးပြီးချင်း - အလွမ်းတခုကို သိုင်းဝိုင်း ပြန်စာစီနိုင်သေးတဲ့ အတွေးအားကောင်းမှုကို လေးစားပါ၏ ။
ချီးကျူးမိပါ၏ ။
ကဗျာတိုင်းဟာ ဖတ်သူ့ ရင်ကို အတွေးတချို့  ပွားစေတတ်အောင် ကဗျာအဖွဲ့ကောင်း အရေးကောင်းသော ညီမလေးပါလား ။
အတွေးလေးတွေကောင်းလို့
ကြိုက်သွားတယ်
ခံစားချက်တိုက်ဆိုင်လို့ပါ
ဟာသမရေးသွားတော့ပါဘူးး
ချစ်တဲ့
ိကိုကြီးဖိုးစိန်
ညီမေလေး မဂလဆ ကြောင့်မအားတာလား
ဘယ်သူ့ မဂလဆလဲ
ညီမလေးပဲလား
ဟွင့်းးး
ဖစ မျှော်နေတယ် ပို့ ပေးပါ
း)