အတ္တများစွာ...ငါ့ကိုယ်ငါ ဗဟိုပြု...
ကြမ်းတမ်းစွာ ထုဆစ်ခဲ့ရတာ...
မာနတွေ အုပ်မိုး အရုပ်ဆိုးလိုက်တဲ့ ဥာဉ်...
ကိုယ့်လိပ်ပြာက
ဘယ်လိုမှ မလေးစားနိုင်တော့တဲ့အကြောင်း..
တနေ့ ကအကြောင်းကြားတယ်...
ကိုယ့်ဒေါသနဲ့ ကိုယ်လဲ..
ကိုယ့်ကိုကို လမ်းဘေးပစ်ချခဲ့တာ အကြိမ်ကြိမ်..
ဒီလိုနဲ့ ..
အသားဆောင်ဖို့ ဆိုရင်း ...
ကိုယ့်ကိုကိုယ် ဆိုးပစ်လိုက်တဲ့ အရောင်ကိုက မှောင်လွန်းသွားခဲ့..
အမှန်ကိုက အမှားမှာ သာယာနေတတ်ကြတာ...
ကိုယ့်ရှေ့မှလာလာ ထွန်ကျူး နေကြတော့လည်း
ဘ၀နာတတ်လာတာသာ အဖတ်တင်..
ပြီးတော့တခါ...
မေတ္တာတရားအကြောင်း ကြားဖူးနားဝတွေ နှုတ်ခမ်းဖျားပေါ်တင်..
ကိုယ့်ကိုကိုယ်တင်မက
တစိမ်းတရံစာတွေကိုပါလိမ်ခဲ့မိတာ
အမှုကြီးသွားခဲ့..
နောင်တ ဆိုတာ ပလာစတာ ကပ်လို့ မရတဲ့ အနာမှန်း သိသိရက်...
မရည်ရွယ်ပဲ ဆိုတဲ့စကားနဲ့ ညာ....
ကိုယ့်လိပ်ပြာကိုယ်ရှက်တတ်လာသလိုရှိတယ်...
အဆုံးမှာ သတ်မိခဲ့သလိုရှိတာ ဆိုးပါတယ်..
ကိုယ့်ဒေါသနဲ့ ကိုယ်...
ဖြိုချလိုက်မိတဲ့ နံရံတွေ ဘယ်နှစ်ခု ဖြစ်သွားပြီလဲ...
အကာအကွယ်မဲ့ နေ့ ရက်တချို့ ထဲ...
ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမရတော့တာ ဆိုးပြန်တယ်...။ ။
ကဏ္ဍ - ကဗျာ
အသားဆောင်ဖို့ ဆိုရင်း ...
ကိုယ့်ကိုကိုယ် ဆိုးပစ်လိုက်တဲ့ အရောင်ကိုက မှောင်လွန်းသွားခဲ့..
အမှန်ကိုက အမှားမှာ သာယာနေတတ်ကြတာ...
ကောင်းလိုက်တဲ့ ကဗျာလေး ညီမရေ