။ ။ ငါနဲ့ စကားစမြည်တောင် မပြောလိုတဲ့ အပြုံးတွေကိုမှ
မက်မက်မောမော ဖက်တွယ်မိတော့လဲခက်တယ်…
စက္ကန့် လက်တံတွေက ငါ့ရာဇ၀င်ကို ပိုင်းဖြတ်…
လွင့်မြောဆဲ စိတ်ဝိဥာဉ်….တခု နှင့်အတူ….
ရင်ခုန်သံတွေ အပိုင်းပိုင်း အစစ ပျက်ကြွေ…
အရောင်လွင့်နေတဲ့ မိုးတိမ်….
ငိုကြွေးနေတဲ့ ငှက်တအုပ်…
သောကလမ်းမပေါ် ဖြတ်သန်းသွားကြ…
အလိုမတူပါပဲ… ဝေ့၀ဲတက်လာကြတဲ့ မျက်ရည်စက်များကြား…
သကာရောင် အပြုံးတ၀က်ကို ရင့်သီးစွာ ဖန်တီးဖြစ်တယ်….
ငါမငိုပါဘူး….(ကျရှုံးခြင်းဟာ..ရင်ခွင်နေရာတိုင်းမှာ အဆက်မပြတ် လွင့်ဝဲ သက်ဆင်းနေဆဲ….)
အသိစိတ်က မသိစိတ်ကို ပက်ပက်စက်စက် ကျိန်ဆဲ ချိန်…မယ်...
စိတ္တဇ ရောင် တေးသွားတွေကလဲ…. မချိုမြိန်လှဖူး ရယ်…..
တကယ်တော့…….
တကယ်တမ်းမှာတော့……………..
………………………………………………………………..
သံယောဇဉ်ဆိုတာ……
ကူကယ်ရာမဲ့သော….မြေနိမ့် ချိုင့်ဝှမ်းတခုသာ….
ဖြစ်သင့်…..
ဖြစ်ထိုက်…..
ဖြစ်ခဲ့ ရပါတယ်……..။ ။
ကဏ္ဍ - ကဗျာ
အိပ်မက်စိတ်ကူး မရှိရင်သာ ကံမကောင်းခြင်း ဖြစ်ပါမယ်။
ပျော်ရွှင်တဲ့ ဒီဇင်ဘာညချမ်း ဖြစ်ပါစေ။