ငါးကလေးရေ…
မင်းကို ငါမမျှားခဲ့ပါဘူး….
မင်းကသာ အစာမရှိတဲ့ ချိတ်ကိုမှ..
မက်မက်မောမော လာတွယ်ညှိခဲ့တာ…
အခုတော့လည်း ငါ့ရာဇ၀င်တွေ ရိုင်းသွားခဲ့ရပေါ့…
ပြန်ချင်တော့လည်း..
ကြိုးမတင်ခင် လွန်းတပြေးမှာ..
ရေပွက်ကလေး ထပြေးသွားခဲ့တာ…
ငါ့မှာ သာ…အိပ်မက်တွေ နဲ့ ..ဗရမ်းဗတာ..ကျန်ရစ်ခဲ့ရ…
ခရေ တွေ အခါခါ ပွင့်ရစ်ခဲ့ပြီ…
ကံကောင်းခြင်းတွေ ၊ ကံဆိုးခြင်းတွေ ..
ငါ့ကမ္ဘာမှာ အလျှင်းသင့်သလို …
ဖွင့်ကြ ..လှစ်ကြ လို့ …
ညနေရီ ဟာ…ပြာရီမှုန်မှိုင်း…
“ ဒါနှင်းတွေ မဟုတ်ဘူး..ကလေးရဲ့ မြူခိုးတွေပါ… “
………………………………..
………………………………………..
ပန်းကလေးတွေ ပင့်သက်ခြွေရင်း ကြွေကျတယ်…
…………………………………………….
ကမ္ဘာမြေရဲ့ တနေရာ မှာ နေ၀င်နေပြီ ထင်ပါ့…..
……………………………….……ကွယ်……………………….
ဒီအချိန်…………
မင်းမကြားမိလိုက်တာက…..
…………………………………………
ကြိုးတချောင်း ရဲ့ ရှိုက်သံ ဖြစ်တယ်……။ ။
ကဏ္ဍ - ခံစားမှု
7 Comments:
Subscribe to:
Post Comments (Atom)
အမြဲအားပေးနေပါတယ် ...
ဆင်ဆင်ပြေပျော်ရွှင်ပါစေ ...
ခင်မင်လေးစားလျှက်
ညီညီ(အနာဂါတ်သံစဉ်)
ကဗျာစွမ်းတွေ ကလည်းတစ်နေ့ထက်တစ်နေ့ တက်နေတယ်..
ဆက်လက်အောင်မြင်ပါစေခင်ဗျာ..
ပျော်ပါစေ
…………………………………………….
ကမ္ဘာမြေရဲ့ တနေရာ မှာ နေ၀င်နေပြီ ထင်ပါ့…..
……………………………….……ကွယ်……………………….
ဒီအချိန်…………
မင်းမကြားမိလိုက်တာက…..
…………………………………………
ကြိုးတချောင်း ရဲ့ ရှိုက်သံ
ကောင်းလိုက်တဲ့ တေးသွား ကဗျာနဲ့တောင်မတူဘူး တေးသွား တစ်ခုလို့ ငြိမ့်ပြီးစီးဆင်းသွားတာ ရင်ဘတ်ထဲကို . . . ညီမလေးရေ ရေးချက်တွေ လွှတ်ကောင်းနေတယ်
ရေးလေကောင်းလေ
ခင်မင်လျှက် ဖိုးဂျယ်
အရေးအသားကောင်းတာထက် စကားလုံးရွေးချယ်မှုကို သဘောကျတယ် အားပေးနေပါတယ်။
သနားစရာ ကြိုးလေးပါလားကွယ်..
ခင်မင်စွာဖြင့်
သီဟသစ်