ဖြစ်များဖြစ်နေလေမလား
ရှင်က ကျမ အား
ဘ၀အဆက်ဆက် တိုက်စားခဲ့စေသော ကျိန်စာ...
အချစ်စစ်ဆိုတာ ချိုသလား ၊ခါးသလား..
ဖျော့တော့တော့မျက်ဝန်းတွေ အမူအကျင့် ကင်းမဲ့နေခဲ့
သစ္စာဆိုတာ ဘာ , ဘာသာစကားများလဲ
ဖြစ်နိုင်ရင် ဖြေပါ...
ညတွေကိုခြေရာကောက်ရင်း...
အိပ်မက်တွေကိုလက်စဖျောက်ပစ်ခဲ့တယ်...
မနိုးမှာစိုးခဲ့တဲ့ စိတ်နဲ့  ဘယ်တုန်းကမှ အိပ်မပျော်ဖြစ်ဘူး..
တဖ၀ါးမခွါ ဆိုတဲ့စကားသံတွေက
အနားမှာပုံပြင်သာသာ တိုက်ခတ်နေလေတော့
ငါရူးတာ...ရက်ရက်စက်စက် နိုင်လွန်းနေတယ်...
ဒီမှာ …ရှင်တို့ တွေ အိပ်မက်တွေကို
တဘ၀စာ စားသုံးဖူးသလား
………………………….
အာ....မစားနဲ့ 
အဲ့ဒါ ပက်ပက်စက်စက် ခါးတယ်....။ ။
ကဏ္ဍ - ကဗျာ
11 Comments:
Subscribe to:
Post Comments (Atom)
ခါးတာမှ တဘ၀လုံးစာအတွက်ပါကွယ်....
ကဗျာလေးကို ထပ်တူခံစားသွားပါတယ်...
မစားတော့ဘူးကွယ် ..း)
စားလိုက်ဦးမယ် ထမင်းလွတ်
အဲ့ဒါ ပက်ပက်စက်စက် ခါးတယ်..
အိပ်မက်ခါးခါးကိုမှ ချိုတယ်ထင်နေမိခဲ့တာ...
ချစ်ခင်စွာဖြင့်..
ဦးနော်၊ တီငယ်
အိပ်မက်တွေကိုလက်စဖျောက်ပစ်ခဲ့တယ်...
မနိုးမှာစိုးခဲ့တဲ့ စိတ်နဲ့  ဘယ်တုန်းကမှ အိပ်မပျော်ဖြစ်ဘူး..
အရမ်းကြိုက်တယ်... တကယ်...
:D
ဖျော့တော့တော့မျက်ဝန်းတွေ အမူအကျင့် ကင်းမဲ့နေခဲ့
သစ္စာဆိုတာ ဘာ , ဘာသာစကားများလဲ
ဖြစ်နိုင်ရင် ဖြေပါ...
ခါးတယ် လို့ထင်တယ် ခါးသက်သက်ကြီး စားမကောင်းဘူး ငါ့ညီမ . . . . မစားတော့ဘူးနော် ဟိဟိ စားပြီးသွားလို့ ခါးမှန်းသိတာ . ဟဲဟဲ
အိပ်မက်တွေ ချိုလားခါးလဲလဲမသိဘူး
နောက်တစ်ခါ အိပ်မက်စားရင် နည်းနည်းပေးမြည်း
ကြက်ဟင်းခါးသီးလောက်ခါးရင် တော့စားမယ်
ချစ်ခင်စွာဖြင့်
ဖိုးစိန်