နှလုံးသားဟာ...
အတ္တတွေ နဲ့ ရှင်သန်နေတဲ့ အရပ်ကနေ
အလွမ်းတွေ နဲ့  အုပ်ဖွဲ့ ပျံသန်းနေခဲ့တယ်...
ဆန္ဒ နဲ့  ဘ၀ကိုတည်ဆောက်ခွင့် မရှိသူအဖို့ 
စိတ်ကူးဆိုတဲ့တောင်ပံတစုံ ဟာလည်း
ကျေနပ်စရာပေါ့
အတ္တ ပုံဆောင်ခဲတွေကို ကျောခိုင်းထားပေမယ့်
အကြားအာရုံဟာ...နင့်ရဲ့ အသက်ရှူ သံတိုင်းကို
မှတ်တမ်းတင်နေခဲ့တယ်လေ...
ဟိုး...အဝေးကို လွင့်စင်သွားစေဖို့  အခါခါ ပျံသန်းခဲ့ပေမယ့်
ရုန်းမထွက်နိုင်ခဲ့ပြန်ဘူး
မျက်ဝန်းတွေက
ညို့ ညို့ မှိုင်းမှိုင်း အုံ့ ဆိုင်းလာတယ်...
စကားလုံး ပြေပြစ်ခြင်း မပြေပြစ်ခြင်းတွေက..
အစဉ်သင့် သလို တိုက်ခတ်လို့ 
နှလုံးသား တစုံက တွေဝေစွာ လှုပ်ရမ်းလို့ 
ဆန္ဒ တွေသိပ်သည်းလာတဲ့အခါ...
ဒီလို နဲ့ ပဲ....................
လွမ်းခဲ့ရတယ်..............
လွမ်းနေခဲ့တယ်............
လွမ်းနေဆဲပါပဲကွယ်......။ ။
ကဏ္ဍ - January 11th, Writing by 2008
6 Comments:
Subscribe to:
Post Comments (Atom)
ထူးအိမ်သင်ကို လွမ်းတယ်ပြောတာလား...
း)
တကယ်ကို တစ်ခါတစ်လေလွမ်းစရာပါပဲနော်...
ပျော်ပါစေ
စိတ်ကူးဆိုတဲ့တောင်ပံတစ်စုံဟာလည်း
ကျနော့်အတွေက်တော့ကျေနပ်စရာပေါ့
အစ်မနွေးရယ်.......။
လက်ရှိဘ၀လေးနဲ့ ထပ်တူကျနေခဲ့လို့ ကဗျာလေးကိုသဘောကျမိတယ်ဗျာ.....။
အတ္တတွေ နဲ့ ရှင်သန်နေတဲ့ အရပ်ကနေ
အလွမ်းတွေ နဲ့  အုပ်ဖွဲ့ ပျံသန်းနေခဲ့တယ်...
ဟိုး...အဝေးကို လွင့်စင်သွားစေဖို့  အခါခါ
ပျံသန်းခဲ့ပေမယ့်
ရုန်းမထွက်နိုင်ခဲ့ပြန်ဘူး
ကောင်းလိုက်တဲ့စာသားတွေ ပါပဲညီမလေးရေ